13

101 5 1
                                    

"သျှားမင်းခန့်ရေ ....ဖုန်းလာတယ် ...."

သူ အခန်းထဲတွင် စာကျက်နေတုန်း အဆောင်မှ သူငယ်ချင်းတစ်ယောက်၏ လှမ်းခေါ်သံကြားလိုက်ရသည်

" မေမေတို့နဲ့ တစ်နေ့ကမှ ပြောပြီးတာပါ
ဘယ်သူပါလိမ့် ..."

အဆောင်က ဖုန်းပြောခန်းသို့ သူအလျင်အမြန်လျှောက်လာရသည်
အခန်းထဲသို့ရောက်သောအခါ သူပြောပြီးလျှင် ပြောရန် အလှည့်ကျစောင့်နေကြသော သူများကို တွေ့လိုက်ရသည်

" သျှားမင်းခန့် ...မင်းက ရည်းစားလဲ မရှိဘဲနဲ့
ဒီအချိန်က ရည်းစားရှိတဲ့သူတွေ တီတီတာတာပြောတဲ့အချိန်ကွ
မြန်မြန်ပြောနော် ငါ့သဲလေးနဲ့ 7 နာရီခွဲပြောဖို့ချိန်းထားတယ် ဟီးဟီးးး"

သူငယ်ချင်းများထဲမှ ထူးကျော်ဆိုသော
တစ်ယောက်က သူ့ကို လှမ်းစကာ မျက်နှာငယ်လေးဖြင့် အမြန်ပြောရန်
ဆော်သြ‌နေသည်

" ရည်းစားရှိတဲ့သူတွေဖုန်းပြောတဲ့အချိန်ဆိုပဲ။မှန်းစမ်းးးး ဘယ်သူဆက်တာ ဖြစ်မလဲ "

သျှားမင်းခန့်တစ်ယောက် သူ့ဘာသာသူ
ပေါကြောင်ကြောင် အ‌တွေးဖြင့် ဖုန်းကိုင်လိုက်သည်

" ဟယ်လို.... ဘယ်သူလဲခင်ဗျ "

" ခန့် .... ကိုယ် လင်းမောင် ပါ "

သျှားမင်းခန့် ကိုယ့်အတွေးနဲ့ ကိုယ် မလုံမလဲဖြင့် ရှက်လာကာ ပါးလေးတွေပင် ရဲလာရသည်
ဘေးသို့ဝေ့ကာကြည့်လိုက်တော့ သူ့ကို ဘယ်သူမှကြည့်မနေသောကြောင့် စိတ်ပေါ့သွားရသည်

လင်းမောင် တစ်ယောက် ခုနောက်ပိုင်း
ဖုန်းပြောလျှင် သူ့ကိုယ်သူ " ကိုယ် " ဟု
သုံးလာတာကို သတိထားမိပါသည်။
ဒါလဲ သူတို့ကျောင်းမှာ ပြောနေကျဖြစ်မှာပါလေ

" အင်း ....ပြောလေ လင်းမောင် "

" သတိရလို့သာ ဆက်မိတာ ဘာပြောရမှန်း
မသိပါဘူး ခန့်ရယ် ....."

လင်းမောင်၏ ရှက်သံနှော‌ေနသော အသံကြောင့် သူအနည်းငယ် ပြုံးမိပါသည်

" ငါလဲ သတိရပါတယ် လင်းမောင်ရဲ့ "

" ခန့် အဲ့မှာ အဆင်ပြေရဲ့လား "

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now