22

85 4 1
                                    

မနေ့က လင်းမောင်နှင့် တွေ့ခဲ့ပြီးနောက်
စိတ်ကအတော်လေး ပင်ပန်းနေခဲ့သည်

ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ
အသဲကွဲတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့....

သျှားမင်းခန့်တစ်ယောက် အိပ်ရာထဲတွင် လှဲနေရင်း တွေးမိတွေးရာလျှောက်တွေးနေမိသည်

" ထိုင်လေ သားလေး ....အန်တီဖြင့် မမှတ်မိဘူးကွယ် ...ကြည့်ပါဦး ...ငယ်ငယ်ကချောသလောက် ကြီးလာတော့လဲ ချောရုံမက ခန့်ပါခန့်လာသေး ...."

" ငယ်ဂုဏ်လေးကြောင့်ပါ အန်တီရယ် "

ခပ်ပြုံးပြုံးလေးသာ ပြောပြီး နှိမ့်ချတတ်ကာ
သားအပေါ်ဆို ငယ်ငယ်ကတည်းက ဂရုစိုက်တတ်သော ကောင်ကလေးမို့ ဒေါ်စံသျှားတင်
က ကိုယ့်သားအရင်းလို့ သဘောထား
မိခဲ့ခြင်းဖြစ်သည်

ဆယ်တန်းစာမေးပွဲ လာမဖြေတုန်းကဆို
ဒီကလေးမိဘတွေတော့ မသိပေမဲ့
သူ့မှာတော့ အဖြူအစိမ်းကျောင်းသားတွေမြင်တိုင်း မိုးထိခေါင်ကို သတိရနေမိသည်အထိပင်

အခု ပြန်တွေ့ရတော့လဲ ကလေးက ကောင်းကောင်းကြီးပြင်းခဲ့သည်ထင် ....
သန့်ပြန့်နေလိုက်တာများ အိမ်က ငဂျစ်လေးနဲ့တော့ ကွာပ ...

ဒင်းက အခုမှ ကလေးလုပ်တုန်း .....

အပြင်ဘက်မှ ချီးမွမ်းသံများကို သျှားမင်းခန့် နားကြားမြင့် ကပ်လာရသည်

လူကအသဲကွဲနေပါတယ်ဆိုမှ
ရုပ်ရှင်မင်းသား နေတိုးများ အိမ်ရောက်လာလို့ မေမေက အဲ့လောက်ပျော်နေတာလား....

" သားရေ ....မင်းခန့် !! "

ဟော ....ခေါ်နေပြီ ...အပူရုပ်ကို ဟန်လုပ်ရဦးမယ် ...တဂယ်ပါပဲ ...

" လာပါပြီ!!! "

သျှားမင်းခန့် မထချင်ထချင်ဖြင့် လေးကန်စွာထကာ အိမ်အပြင်သို့ ထွက်ခဲ့လိုက်သည်

မေမေ့ဧည့်သည်ဆိုတော့ ခနလောက် ပြုံးပြပြီးတာနဲ့ ပြန်ထွက်ခဲ့မည်

သူအပြင်သို့ရောက်သောအခါ ရုပ်ရှင်မင်းသားနေတိုးမဟုတ်သော်လည်း

နေတိုး သူဌေးခန်းရိုက်တော့မလို ဒီဇိုင်းဖြင့်
ဝတ်ထားသော လူတစ်ယောက်ကို ကျောပေးအနေအထားဖြင့်တွေ့လိုက်ရသည်

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now