20

100 4 0
                                    

လေယာဉ် ပေါ်မှ ဆင်းလာသော
တောက်ပြောင်နေသည့် black shoe တစ်စုံ

airport ရှိအကြည့်များအားလုံးသည်
မိုးထိခေါင်ဆီသို့ရောက်ရှိနေခြင်းဖြစ်သည်

ဒါတောင် ပေါ့ပေါ့ပါးပါး black hoodie အပါးလေးကို အပေါ်မှ ထပ်လာခြင်းသာ

Online meeting ရှိ၍ လေယာဉ်ပေါ်တွင် ဆွေးနွေးခဲ့သော England ထုတ် brown solid Slim fit suit ဖြင့် ထွက်လိုက်လျှင် attention ရမှာစိုးသဖြင့် အပေါ်မှ hoodie
အပါးကို သက်သက်ဝတ်ထားခြင်းဖြစ်သော်လည်း

တမင် တွန့်ရုံလေး‌ဖွဖွကောက်ထားသော ဆံနွယ်များနှင့် ထင်းထွက်နေသော jawline
Model boy များထက်သာလွန်သော
Bodystructure ကိုတော့ hoodie အပါးလေးက မဖုံးနိုင်ဘူးထင် .....

မိုးထိခေါင် စိတ်ရှုပ်ရှုပ်ဖြင့် ဆံနွယ်များကို လက်ချောင်းရှည်များဖြင့် တစ်ချက်ဖွရင်း
ဘေးသို့ဝေ့ကြည့်လိုက်စဉ် ကောင်မလေးတစ်ဦးက သူ့ကိုဓာတ်ပုံရိုက်လိုက်သည်ကို တွေ့လိုက်ရသဖြင့်
ထိုကောင်မလေးဆီသို့လျှောက်သွားတော့
အနောက်မှ ဦးညိုဝင်းနှင့် သူ့လက်ထောက်
ထူးအောင်ကပါ ခပ်သွက်သွက် လိုက်လာကြသည်

မိုးထိခေါင်‌လေသံ ခပ်ဆတ်ဆတ်ဖြင့်

" Excuse me !!!

" ဟက် ....ငါပြောသားပဲ foreigner ပါလို့"

ကောင်မ‌လေးက သူ့သူငယ်ချင်းဖြစ်ဟန်တူသော ဘေးကတစ်ယောက်ကို ပြောလိုက်သည်ကို ကြည့်ရင်း မိုးထိခေါင် ရင်ထဲတွင်
လှိုင်းကလေးတစ်ခု ဖြတ်ပြေးသွားရသည်

တစ်ချိန်က ပါးချိုင့်သေးသေးလေးတစ်စုံလဲ ဒီလိုပဲ သူ့သူငယ်ချင်းကို စူပုတ်ပုတ်လေးပြောနေခဲ့ဖူးသည်လေ ....

ထိုအချိန် တစ်ဖက်က မရဲတရဲ မပြောတတ်ပြောတတ်ဖြင့် ပြောလာသည်

" I ....I ...."

" ဟက် နင်ကဘာပြောမလို့ I နေတာတုန်းဟ"

" နေဦးဟ စိတ်ထဲမှာ translate နေတုန်း "

အချင်းချင်းငြင်းခုံ‌ေနသောကောင်မလေးနှစ်ယောက်ရှေ့မှ သူခပ်တည်တည်ဖြင့်သာ ပြန်ထွက်လာခဲ့လိုက်သည်

အစကတော့ ခွင့်မတောင်းဘဲ ဓာတ်ပုံရိုက်တာကို မကျေနပ်သဖြင့် နည်းနည်းပါးပါး ပြောမည်ဟု ကြံထားသော်လည်း

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now