12

97 4 3
                                    

Paris၏ night view သည် အရောင်စုံမီးများကတဖျက်ဖျက် လင်းလက်‌ေနကာ
စူးရှတောက်ပ‌နေသဖြင့် နေ့ဘက်လိုမျိုး
အမြဲထိန်လင်းနေပါသည်
ကားအရောင်စုံ လူအရောင်စုံဖြင့်
ရှုပ်ယှက်ခတ်နေသဖြင့် နေ့ဘက်ထက်ပင် ပို၍စည်ကားနေသ‌ယောင်

အခုလဲ bar တစ်ခုတွင်ရောက်နေသဖြင့်
အသံများက ဆူညံကာ လူတိုင်းကလည်း
မူးစေသော အရာအမျိုးမျိုးကြောင့် မူးယစ်နေကြသည်

မိုးထိခေါင်သည် bar သွား club တက် ရတာကို ကြိုက်လွန်းခြင်း မဟုတ်သော်လည်း
အိမ်မှာ တစ်ယောက်ထဲတိတ်ဆိတ်စွာ နေရတာထက်စာလျှင် အခုလို လူများဆူညံနေသောကြားတွင် နေရသည်က အထီးကျန်မှုကို
တခဏမျှ ပျောက်ကွယ် စေနိုင်ပါသည်

မိုးထိခေါင်သည် ‌လူအုပ်ကြားတွင်ရောနှောမနေဘဲ ထောင့်စွန်းဝိုင်းတွင် Wine အပျော့စားတစ်ခွက်ကိုအရသာခံသောက်ရင်း လူ‌တစ်ယောက်ချင်းစီကို လိုက်ကြည့်နေမိသည်

အခုလဲ ပြင်သစ်လူမျိုး မိန်းမချောအုပ်စုထဲမှ တစ်ယောက်က သူ့ကိုတစ်ချက်တစ်ချက်
ရီဝေစွာ လှမ်းပြုံးပြနေသည်

သို့သော် မိုးထိခေါင်ဆိုသောသူမှာ စိတ်မပါလျှင် ပြုံးဖို့မပြောနှင့် လှမ်းကြည့်ရမှာကိုပင်
ဝန်လေးသူဖြစ်သည်

ထိုမိန်းကလေးလှမ်းကြည့်တာကိုပဲ သူသတိထားမိသော်လည်း bar ထဲတွင် သူ့ကိုကြည့်နေသော တခြားမိန်းကလေးများ
ရှိသေးသည်ကိုတော့ မိုးထိသတိမထားမိပါ

ထိုမိန်းကလေးတောင်မှ မျက်စိရှေ့သို့မကြည့်ဘဲ ရောက်နေခြင်းကြောင့် သတိထားမိခြင်း
ဖြစ်သည်

အသက်ဆယ့်ကိုးနှစ်အရွယ်သာဖြစ်သော်လည်း ရှည်လျားသောအရပ်နှင့်
Gym ပုံမှန်ဆော့ခြင်း ၊ ဘွားဘွားကြီး train ထားခဲ့စဉ်ထဲက ရေးကူးခြင်း တို့၏
ရလဒ်များ‌ဖြစ်သော six pack များသည်
အနက်ရောင်shirtအောက်တွင် တမင်ဖော်ပြမထားသည့်တိုင် အထင်းသားဖြစ်နေသည်

ဆံပင်အပျော့ခွေခွေလေးများကြားက တမင်ကွေးညွတ်ထားသော မျက်ခုံးတန်းများနှင့်
ဒီကလူမျိုးများနှင့်မတူသော မိုးထိ၏ မဟူရာရောင် မျက်လုံးအိမ်သည်လည်း
ပြင်သစ်မိန်းမပျိုများ၏ အသည်းနှလုံးကို
ဖမ်းစားနိုင်လောက်သည်အထိ
ညှို့အားပြင်းလွန်းပါသည်

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now