အစီအစဉ်အရ ပုံမှန်ဆို တစ်ပတ်ကြာမှာပေမဲ့
မကြားချင်ပဲကြားနေရသော သတင်းကြောင့် မိုးထိခေါင်စောပြန်ခဲ့ခြင်းဖြစ်သည်ဘယ်လောက်ပဲအလျင်လိုေနပါစေ သျှားမှာလိုက်သော ကျူးလစ်ပန်းလေးတွေကိုတော့အရသယ်ခဲ့ပါသည်
သျှားကိုမောင်ချစ်တယ် ယုံလဲယုံတယ်ကံကြမ္မာကဖန်လာလေတော့ တစ်သက်လုံးမပျက်ဖူးသောကားက အိမ်နားရောက်ခါနီးမှ
စက်ရပ်သွားပါသည်ထို့ကြောင့် အိမ်သို့ မိုးထိခေါင်တစ်ေယာက်လမ်းသာဆက်လျှောက်လာလိုက်ပါသည်
ဒီအချိန်လောက်ဆို သျှားအိပ်နေလောက်ရောပေါ့
သျှားကိုအာဘွားလေးပေးပြီး မောင်ကနှိုးပါ့မယ် ပန်းလေးေတွလဲပေးရင်းပေါ့မိုးထိခေါင် အတွေးလေးဖြင့် လမ်းလျှောက်နေရင်း အိမ်ရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကြောင့် ကမ္ဘာပျက်မလို ရင်ထဲဗလာဖြစ်သွားရသည်
သျှားက ဟိုကောင့်ကို နမ်းနေတယ်
သျှားကိုယ်တိုင်လေ သျှားကိုယ်တိုင်နမ်းနေတာ .....မောင်အခုဘာလုပ်ရမလဲ
ဒီနေရာကနေ မသိသလိုပြန်လှည့်ထွက်သွားရမလား
လင်းမောင်ကိုပဲပြေးထိုးလိုက်ရမလား
သျှားကိုပဲ တစ်ခုခုပြောရမှာလားမောင်မသိတော့ဘူးသျှား....
ကျိန်းသေတာတစ်ခုကတော့ မောင့်စိတ်ေတွ ပြိုလဲနေပြီ
အစထဲက မောင်ဟာ ကိုယ့်နေရာကိုယ်မသိတဲ့ ဒုတိယကောင်ပါလေ
အစားထိုးခံဆိုတာကိုလဲသိပါတယ်
ဒါပေမဲ့ ...အခုလိုကြီးကျ....သျှားကွာ......" မောင် !! "
မောင်တဲ့ သျှားကခေါ်နေပြီ
အရင်က မောင်လို့အခေါ်ခံရရင် ရူးမတတ်စိတ်ထဲမှာကြိတ်ပျော်တတ်တဲ့ကောင်က
အခုတစ်ခေါက်တော့ မပျော်နိုင်တော့ဘူးဗျာမိုးထိခေါင် သူတို့နှစ်ဦးဆီသို့ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်
သူက ချစ်သူနှစ်ဦးကြား အနှောက်အယှက်ကြီးတစ်ခုဖြစ်နေပြီလား
မတတ်နိုင်ဘူး ဖြစ်လက်စနဲ့ အဆုံးထိဗီလိန်လုပ်လိုက်ရုံပေါ့ သျှားရယ် ....." အိမ်ရှေ့ကြီးမှာ အဲ့လောက်ဖြစ်မနေကြနဲ့လေ
အိမ်ထဲမှာလဲ အခန်းတွေရှ်ိသားနဲ့ "
YOU ARE READING
ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)
Romance" ချစ်ခြင်းတရားတွေသာ စစ်မှန်ခဲ့လျှင် ခွဲခွာခြင်းဟူသည် ဘယ်တော့မှ မရှိနိုင်ပါ အမှန်တကယ် နီးစပ်ချင်လျှင် နည်းလမ်းမျိုးစုံရှိပါသည် မနီးစပ်ချင်၍သာ အကြောင်းပြချက်မျိုးစုံပေးပြီး ခွဲခွာကြရခြင်းပင် "