29

95 5 2
                                    

" အခန်းပြင်မထွက်ရင်ကောင်းမလား...
ဪ ...မထွက်မှပိုပြီး မျက်နှာပူစရာကောင်းတယ်လေ
ပြီးတော့ သူဖျားနေလို့ မှတ်မိချင်မှ မှတ်မိမှာလေ ဟုတ်တယ်မလား "

သျှားမင်းခန့်တစ်ယောက် မနက်စာထွက်မစားခင် ဗျာများနေရခြင်းဖြစ်သည်

အခုလည်း မှန်ကိုကြည့်ရင်း တစ်ယောက်ထဲစကားတွေပြောလိုက် ရှေ့လျှောက်‌လိုက် နောက်လျှောက်လိုက်ဖြင့် နာရီဝက်ခန့်ပင်ကြာပြီဖြစ်သည်

သူ့အတွေးများဖြင့်ဗျာများနေစဉ်

" ဒေါက် !! ဒေါက် !! "

" ဘယ်သူလဲ "

" ဒေါ်ဒေါ်ပါကွယ် ...မနက်စာစားဖို့တဲ့ အကိုလေးက ခေါ်ခိုင်းလို့လာခေါ်တာ"

" ဟုတ် ...ခနနေလာခဲ့မယ် ခင်ဗျ "

တံခါးအပြင်မှ အသံမကြားရတော့မှပဲ မှန်ထဲတွင် ကိုယ့်ပုံရိပ်ကို သေချာကြည့်ကာ

" သူမမှတ်မိဘူး ...ဟုတ်တယ် ...မမှတ်မိဘူး"

ထို့နောက် ထမင်းစားခန်းထဲသို့ဝင်သွားလေတော့ ခေါင်က သာမန်ပေါ့ပေါ့ပါးပါး အဝတ်အစားဖြင့် ကော်ဖီသောက်နေပါသည်

အမြဲဝတ်စုံပြည့်နှင့်ခေါင့်ကို အခုလိုလေးတွေ့ရတော့လည်း တစ်မျိုးလေးဆန်းသလိုပင်

" ထိုင်လေ သျှား...."

ခေါင့်ဘေးက ခုံတွင်ဝင်ထိုင်လိုက်ပြီး
ခေါင်က သူကိုယ်တိုင် ကော်ဖီထည့်ပေးနေသဖြင့် ကော်ဖီသောက်ရန်ထိုင်သာ ကြည့်နေ‌လိုက်ရသည်

အရင်ကလည်း‌ေကာ်‌ဖီ‌ေတာ်‌ေတာ်များများ‌ေသာက်ဖူး‌ေပမဲ့ အခုခေါင်ကိုယ်တ်ိုင်ထည့်‌ေပး‌ေသာ ကော်ဖီက သူသောက်ဖူးသောက်ဖူးသမျှထဲတွင် အကောင်းဆုံးဟု ဆိုနိုင်ပါသည်

နိုင်ငံခြားဖြစ်ကော်ဖီဖြစ်နေ၍လား
ခေါင်ထည့်ပေးသောကော်ဖီကိုခေါင်နှင့်သောက်ရ၍လား သူလဲ မခွဲခြားတတ်တော့ပါ

အနံ့အရသာနှင့်ပြည့်စုံသောကော်ဖီကို သျှားမင်းခန့် အရသာခံပြီးသောက်နေစဉ်

" ညက ..."

" အဟွတ် !! အဟွတ် !! "

" သျှားရရဲ့လား... ကော်ဖီကပူလို့လား
ဘာလို့ သီးရတာလဲ မောင်သေချာ..."

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now