9

105 5 1
                                    

နောက်ရက်တွင် ကျောင်း၌
လင်းမောင်နှင့်သူ စကားမပြောဖြစ်ပါ
ဒီတစ်ခါတော့ သျှားမင်းခန့် စိတ်ကို တင်းထားချင်မိသည်။
ဒီလောက်လေးအတွက်နဲ့ သူ့ကို
စကားကြမ်းကြမ်း‌တွေပြောဖို့လိုလို့လား

" ခန့် ..."

လင်းမောင်၏ခေါ်သံကြားသော်လည်း
တမင်လှည့်မကြည့်ဘဲ စိတ်ဝင်စားစရာမပါသော စာအုပ်ကိုသာ ပြူးပြဲ ကြည့်နေ‌လိုက်သည်

" ခန့် လို့!! ....."

" ပြောစရာရှိတာပြော အော်မနေနဲ့
ငါနားမလေးဘူး...."

လင်းမောင်အံ့ဩသွားရသည်
တောင်းပန်ချင်လို့ အသံကိုတောင် နှိမ့်ပြောထားခါမှမအော်နဲ့တဲ့ အတော်ဆိုးတဲ့ကောင်လေး

" ဟိုလေ ....ငါတောင်းပန်ပါတယ် ..."

" ဘာအတွက်လဲ "

" ဟိုနေ့က ငါစိတ်ဆိုးလို့ မင်းကို ပြောလိုက်မိတာရော အော်မိတာရော အတွက် "

" မင်း မှားမှန်းတော့ မင်းသိသေးတယ်ပေါ့ "

" အွန်းးး ငါသိပါတယ်
ငါက ဝမ်းနည်းသွားလို့ပါ "

သျှားမင်းခန့် အပြင်ပိုင်းတွင်ရုပ်တည်ထားသော်လည်း စိတ်ထဲတွင်ကြိတ်ပျော်နေမိသည်
လင်းမောင်မချော့လျှင်လဲ သူကပဲ စချော့မည်ဟု အစထဲကတွေးထားခြင်းပင်

" ရပါတယ် ငါခွင့်လွှတ်တယ်
ဥဒယမင်းကြီးလိုပဲ ငါရဲ့စိတ်ထားလေးက
ဖြူစင်မြင့်မြတ်နေလို့ မင်းကံကောင်းသွားတယ် "

" ဟုတ်ကဲ့ပါဗျ
နောက်တစ်ခါ မဖြစ်စေရပါဘူး "

နှစ်ယောက်သား စနောက်ရင်း ဘာမှမဖြစ်ခဲ့ကြသလို ရယ်မောဖြစ်ကြသည်
အချစ်ဆိုတာ ဒါပဲထင်ပါရဲ့
စွန့်ခွာချင်ရင်တောင် ခွာလို့မရတာမျိုး

သူတို့နှစ်ဦးရယ်မောနေတာကို ခေါင် တစ်ယောက် စာသင်ခန်းအဝကနေ လှမ်းမြင်
‌‌ေနရသည်

သူမဝင်သေးပါ သူဝင်လိုက်လျှင်
သျှားအပြုံးလေးတွေပျောက်သွားမှာကို
သူသေချာသိပါသည်

" ပြုံးနေလိုက်တာများအချစ်ရယ်
ပါးချိုင့်သေးသေးလေးတွေကို ခွက်လို့ "

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now