11

88 5 1
                                    

ခန့် ကိုအဆောင်အပ်ပြီးတော့ လင်းမောင်တစ်ယောက်ထဲ ပျဉ်းမနားကို ခရီးဆက်ရသည်။
ခန့်‌‌ေဘးမှာရှိ‌ေနတုန်းကတော့မသိသာပေမဲ့
အခု ကားပေါ်မှာ တစ်‌‌ယောက်ထဲ ရှိနေတော့မှ
စိုးရိမ်စိတ်နဲ့အတူ ဝမ်းနည်းသလိုဖြစ်လာရသည်

ခုနက ခန့်ရှေ့မှာတော့ ဘာမှမခံစားရသလိုဟန်ဆောင်နေရပေမဲ့ ဆယ်စုနှစ်တစ်ခု‌လောက်ထိ အတူရှိနေခဲ့ကြသော သူတို့ အခုမှ ခွဲခွာဖူးတာကို ဝမ်းမနည်းဘဲနေပါ့မလား

လူသိပ်ကြောက်တတ်တဲ့ခန့်ကို တကယ်စိတ်ပူရပါသည်
အစား‌‌ဂျီးများလွန်းသော ကောင်လေးမို့လို့
အစားကိုသေချာစားရန်လဲ မှာရသေးသည်
ဒါတောင် ကိုယ့်ကွယ်ရာမှ ကိုယ့်စကားနားထောင်မယ့် သူမျိုးမဟုတ်

ရင်ခွင်ထဲမှာ ခန့်ကို ထည့်ထားရတုန်းက
ကိုယ့်ရင်ခုန်သံတွေ ခုန်ပေါက်နေတာကို
ခန့် ကြားသွားမှာလဲ ကြောက်နေရသေးသည်

ပြီးတော့ ခွဲခွာရတော့မှာမို့လို့ ခန့် မသိအောင်
အနမ်းလေး တစ်ပွင့် ပေးခဲ့မိပါသည်
ခန့်တစ်ယောက်သိရင် သူ့ကို နှုတ်ခမ်းလေးဆူပြီးအပြစ်တင်လိမ့်မလား...

နာရီပေါင်း‌များစွာ ခရီးနှင်ပြီးနောက် ပျဉ်းမနား ကားဂိတ်သို့ ကားကြီးဆိုက်လာခဲ့ပါသည်
ထိုမှ တစ်ဆင့် လင်းမောင်တစ်ယောက် သူနေရမည့် အဆောင်သို့ ဆက်သွားလိုက်သည်
အဆောင်နှင့် ကျောင်းက သိပ်မဝေးသဖြင့်
ပနံ သင့်လှသည်

သူအဆောင်ရောက်သည့်အခါ သူ့အခန်းဖော်က သူ့ထက်အရင်ကြိုရောက်နေသည်ဟု
အဆောင်မှုးက ပြောပါသည်
အခန်းထဲသို့ သူဝင်သွားတော့ ခုတင်ပေါ်တွင်
စောင်ခေါင်းမြီးခြုံပြီး အိပ်နေ‌ေသာ လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ဘေးတွင်လည်း ဂစ်တာတစ်လက် ချထားသေး၏

ထိုသူနိုးသွားမှာစိုး၍ အထုပ်ကို ဖြေးညှင်းစွာ ချလိုက်သော်လည်း အအိပ်စက်သော သူဖြစ်ဟန်တူသည်။
အသံသေးသေးလေးကြောင့် နိုးလာသည်
အိပ်နေရာမှ ထထိုင်ပြီး မျက်လုံးကို အတင်းပွတ်ကာ သူ့ကို ပြူး‌ကြည့်ပြီးမှ

" အခန်းဖော်လေး ရောက်ပြီလား"

" ဟုတ်ကဲ့ ...ဒီက ..."

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now