ကားမောင်းလာသည့် လမ်းတစ်လျှောက်လုံး
ခေါင်က စကားလဲမပြော နားလဲမနားဖြင့်
စက်ရုပ်ကြီးသဖွယ်ဖြစ်နေသည်သူနှင့် ကပ်လိုက်လာသည့် သျှားသာ အိပ်ပျော်သွားလိုက် ပြန်နိုးလာလိုက်ဖြင့်
ကားပေါ်မှာ ဘယ်နှရေးမှန်းမသိ ပျင်းပျင်းဖြင့် အိပ်နေပစ်လိုက်သည်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ဆောင်းထက်တောင် အေးသော လေထုက သူတို့နှစ်ဦးကြားတွင် ရောက်ရှိနေလေသည်
ခေါင့်ကို သူဘဲ စကားစပြောလိုက်ရင်ကောင်းမလား
" သျှားကို ဘယ်ပို့ပေးရမလဲ "
" အဆောင်ကိုပဲပို့ ဟိုမှာ ငဇွဲကစောင့်နေမှာ"
" အင်း ! "
သျှား ခေါင့်စိတ်ကို တကယ်ပင် နားမလည်တော့ပါ ။
သူဘာကိုစိတ်ဆိုးနေတာလဲ
မျက်မှောင်ကြီးကလဲ ကြုတ်ထားလိုက်တာ
အရေးအကြောင်းတွေတောင်ပေါ်တော့မယ်နေပေါ့ ! ဘယ်အချိန်ထိ စိတ်ဆိုးနိုင်မလဲ ....
ခနကြာသော် သျှား၏ အဆောင်ရှေ့သို့
ရောက်ရှိခဲ့ပါတော့သည်ခေါင်သည် ဘာမှမပြောဘဲ ကားနောက်ဖုံးထဲမှ သျှား၏ အထုပ်များကို အဆောက်ထဲငို့ လိုက်ပို့ပေးသည်
ခေါင့်ပုံစံက လစာပြည့်ပြည့်ဝဝ မရသဖြင့်
နှုတ်ခမ်းဆူကာ မလုပ်ချင်လုပ်ချင် အလုပ်လုပ်နေရသော အလုပ်သမားငယ်လေးနှင့်ပင်
တူနေလေသည်ကို့ယ့်အတွေးနှင့်ကိုယ် ပြုံးစိစိဖြစ်နေသော သျှားကို ခေါင်က မျက်စောင်းမမည်သော
အကြည့်တစ်ချက်ဖြင့်ကြည့်ကာ" ကျွန်တော်ပြန်ပြီ "
" ကျေးစူးပါနော် လိုက်ပို့ပေးလို့ "
" အင်း "
ပြောလဲပြီးရော တစ်ချက်လှည့်မကြည့်ဘဲ ကားထဲသို့ဝင်ကာ အဆောင်မှ ထွက်သွားပါတော့သည်
ခေါင်တကယ်ကြီး စိတ်ကောက်နေတာပဲ
~~~~~~~~~~~~
အခန်းထဲသို့ရောက်တော့ ဝင်ဝင်ချင်းပင်
အမောစို့သွားရသည်သူ့ကုတင်ပေါ်တွင် ရောက်နေသော ငဇွဲ၏
အဝတ်ပုံကြီး !အင်း ...လာပါစေဦး !
YOU ARE READING
ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)
Romance" ချစ်ခြင်းတရားတွေသာ စစ်မှန်ခဲ့လျှင် ခွဲခွာခြင်းဟူသည် ဘယ်တော့မှ မရှိနိုင်ပါ အမှန်တကယ် နီးစပ်ချင်လျှင် နည်းလမ်းမျိုးစုံရှိပါသည် မနီးစပ်ချင်၍သာ အကြောင်းပြချက်မျိုးစုံပေးပြီး ခွဲခွာကြရခြင်းပင် "