18

104 3 1
                                    

အဆောင်ပြန်ရောက်တော့ စိုပြေမောင်နဲ့ သူလဲ အခန်းထဲသို့ ပြန်ဝင်လာခဲ့ကြသည်

စိုပြေမောင်က စကားတစ်ခွန်းမှမပြောတာပဲ
တော်သေးတယ်
မဟုတ်ရင် သူ မူပျက်နေတာကို သတိထားမိနေဦးမည်လေ
သို့သော် လင်းမောင်ထင်သလိုမဟုတ်ခဲ့ပါ

" မင်းမျက်ရည်တွေကြောင့် မိန်းက‌ေလးအဆောင်ရှေ့မှာ မနက် လှေနဲ့သွားရ‌ေတာ့မယ်ထင်တယ်ခေတ်လင်းမောင်....."

" ငါဒီနေ့တော့ တဂယ်ပင်ပန်းနေပြီ
မင်းနဲ့ရန်မဖြစ်ချင်ဘူး စိုပြေမောင်!! ...."

" ငါလဲ မဖြစ်ချင်ဘူး ဟေ့ကောင် ....
ဟိုကောင်လေးကိုသနားလွန်းလို့ပြောနေရတာ...
သူ့ခမျာ မင်းကို သွယ်နဲ့ တစ်မျိုးထင်ပြီး
ငါ့ကိုမေးနေသေးတာ ...."

" မင်းဘယ်လိုပြန်ဖြေလိုက်လဲ "

" မင်းသိချင်ရင် ကိုယ်တိုင်သွားမေးပေါ့ "

" မင်းကို ငါ့လျှို့ဝှက်ချက်အချို့ ပြောပြမယ် ..."

" ......"

" တဂယ်တော့လေ ....တဂယ်တော့....
ငါ ခန့်ကို သိပ်ချစ်တာကွ ....
ငါလေ ငယ်ငယ်ထဲက ချစ်ခဲ့တာ
ငါက ငယ်ငယ်က အခုလိုမဟုတ်ဘူး
နဲနဲ ဝ တဲ့ထဲ ပါတယ်
ငါ့အားနည်းချက်ကို တချို့က စကြလို့
ငါကျောင်းမှာ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ခဲ့ဘူး....

ခန့်ကို မတွေ့ခင်အထိပေါ့ .....

ခန့်ကို တွေ့တော့လေ ပါးချိုင့်သေးသေးလေးတွေနဲ့ လူကောင်လေးကလဲ သေးသေးလေး

ငါလို လူကြောက်တတ်တဲ့ကောင်ကကွာ
ရှိသမျှ အားလေးတွေကို စုပြီးတော့
ခန့်ကို သူငယ်ချင်းလုပ်ဖို့ သွားပြောခဲ့တာ

တဂယ်တော့ အဲ့တုန်းထဲက သူငယ်ချင်းဖြစ်ချင်တာမှ မဟုတ်တာ ....

ငါတို့ ခင်သွားကြတော့ ခန့်ကလေ ငါထင်ထားတာထက် အများကြီး ပိုသဘောကျစရာကောင်းနေတယ်ကွာ ...."

လင်းမောင်ပြောရင်းဖြင့် မငိုဘဲ မျက်ရည်များသာ စီးကျလာခဲ့သည်

" မင်းကလေးဘဝက တော်တော်ရဲရင့်ခဲ့တာပဲ
အခုနဲ့ကွာလိုက်တာ ....မင်းငယ်ငယ်ကလိုပဲ
ဒီစကားတွေကို သျှားမင်းခန့်သိအောင်
သွားပြောစမ်းပါလား !!!...."

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now