6

123 4 1
                                    

ဒီနေ့ နဲ့ဆို ဘာလိုလိုနှင့် သျှားမင်းခန့် နှင့် လင်းမောင် မတွေ့ဖြစ်တာ တစ်ပတ်ခန့်
‌ရှိပြီဖြစ်သည်။
မတွေ့ဖြစ်ဘူး ဆိုတာထက် လင်းမောင်က သူ့ကို ရှောင်နေသည်ဆိုလျှင် ပိုမှန်ပါလိမ့်မည်။

ဟို‌ေန့ကညနေဘက် တွေ့ပြီး နောက်နေ့ သျှားမင်းခန့် တစ်ယောက်ထဲ လင်းမောင်အိမ်သို့ လိုက်သွားခဲ့သေးသည်။

"လင်းမောင်ရေ .. လင်းမောင် "

" ဪ သားရေ လာကွယ် "

" ဟုတ် အန်တီ လင်းမောင်ရှိလား "

" ရှိတယ်သားရေ ခနလေး မင်းသူငယ်ချင်းကို သွားခေါ်ပေးမယ်
အဲ့ကောင်လေး မနေ့ထဲက မှိုင်တွေပီး အခန်းထဲ အောင်းနေတာ။ အန်တီ မေးလဲ ဘာမှမပြောဘူး "

သျှားမင်းခန့် ပိုစိတ်ပူသွားရသည်။

"ငါနဲ့ ခေါင့်ကို မြင်သွားတာဝော့ာ သေချာတယ်

မဟုတ်မှ သူ ငါတို့ကို တစ်မျိုးထင်ပီး ငါ့ကို ရွံသွားတာများလား

မဖြစ်ဘူး လင်းမောင် အဲ့လိုဖြစ်မှာ ငါအရမ်းကြောက်တယ်
တခြားသူတွေ ဘယ်လို ထင်ကြပါစေ
မင်းကတော့ ငါ့အပေါ် မရက်စက်ပါနဲ့ လင်းမောင်ရယ် "

သျှားမင်းခန့်တွေးနေရင်း လင်းမောင်အမေ ပြန်ထွက်လာခဲ့သည်။

" သားရေ မင်း သူငယ်ချင်းက သူနေမကောင်းလို့အပြင်မထွက်ချင်ဘူးတဲ့ "

" ဪ ...ဟုတ်ကဲ့ ဒါဆို သားကို ပြန်ခွင့်ပြုပါဦးအန်တီ "

" ကောင်းပါပြီကွယ် "

သျှားမင်းခန့် အပြန်လမ်းတွင် ခေါင်းထဲ ၌ အတွေးများစွားဖြင့် လျှောက်မိလျှောက်ရာ လျှောက်နေမိသည်။

" လင်းမောင်ရယ် မင်းလိမ်တာ မပိရိလိုက်တာများကွာ။

အရင်က မင်းနေမကောင်းဖြစ်လဲ ငါနဲ့ အတူ အပြင်မသွားရလို့ အိမ်ထဲမှာ အ‌‌ေခွကြည့်လိုက် မုန့်စားလိုက်နဲ့ ခါတိုင်းထက် ပိုချွဲတဲ့ သူက မင်းမဟုတ်တာ ကျနေတာပဲ

မင်းက ယောက်ျားမဟုတ်တဲ့ အတိုင်းပဲ သိချင်ရင် ငါ့ကို တိုက်ရိုက်လာမေးလိုက်စမ်းပါလား

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now