7

121 4 1
                                    

နွေရာသီရဲ့ တေးသံရှင်ဖြစ်‌ေသာ
ဥဩငှက်ကလေးများ၏ လွမ်းဖွဲ့ကြောင်း
သီကျူးသံများကလည်း ရပ်စဲလာခဲ့ပါပြီ
အချိန်များ တရွေ့‌ရွေ့ ကုန်ဆုံး လာလိုက်တာ
နွေရာသီ ကျောင်းပိတ်ရက်ကုန်လွန်ပီး
ကျောင်းဖွင့် ချိန်ပင် ‌ပြန်ရောက်လာသည်။

ကျောင်းပထမဆုံး တက်ရမည့်နေ့တိုင်း
သျှားမင်းခန့်တစ်‌ေယာက် အကြောင်းအမျိုးမျိုးဖြင့် ရင်ခုန်နေတတ်တာအကျင့်တစ်ခုလိုပင်ဖြစ်‌ေန‌ေတာ့သည်။

သူငယ်ချင်းများ ၊ ‌ဆရာမ များနှင့် တွေ့ရမည်။
အထူးသဖြင့် သူလင်းမောင်နှင့် တစ်တန်းထဲထိုင်ရမှာမို့လို့ ဖြစ်သည်။

ကျောင်းပထမဆုံး တက်ရသောနေ့တွင် သျှားမင်းခန့် အိမ်မှ ခါတိုင်းထက် ပိုစောပြီးထွက်လာဖြစ်သည်။

သျှားမင်းခန့်၏အိမ်မှာ ကျောင်းနှင့် အနည်းငယ်လှမ်းသော်လည်း ဝေးလွန်းခြင်း မဟုတ်သဖြင့် 15 မိနစ်လောက်လမ်းလျှောက်လျှင် ရောက်သည်

အရင်နှစ်တွေတုန်းက လင်းမောင်သည် အိမ်သို့စက်ဘီးဖြင့် လာခေါ်နေကျဖြစ်သည်။

ဒီ ဆယ်တန်းနောက်ဆုံးနှစ်ရောက်မှ ဘာကြောင့်မှန်းမသိ လင်းမောင်က ထူးဆန်းစွာပြောလာခဲ့သည်။

" ခန့် ...

ငါတို့က ဒီနှစ်ပြီးရင် ကိုယ့်မွေးရပ်မြေကို စွန့်ခွာပီး ကိုယ်ဝါသနာပါရာ လမ်းကို လျှောက်ကြရတော့မှာ

မင်း ငါနဲ့ အမြဲ အတူသွားလာနေလို့မရဘူး
မင်းကိုယ်မင်းစောင့်ရှောက်တတ်အောင်
အခုထဲ အိမ်ကို တစ်ယောက်ထဲသေချာ အသွားအပြန် လုပ်ပြီး လေ့ကျင့်ရမယ် "

ဟုတ်ပါသည်။ လင်းမောင်ပြောတာ သိပ်မှန်သည်။

သျှားမင်းခန့် ပြန်တွေးကြည့်လျှင် ကလေးဘဝထဲက အခုအရွယ်ထိ လင်းမောင်နှင့်သာ ဘာမဆိုအတူလုပ်ဖြစ်သည်။

သျှားမင်းခန့် အိမ်ပြန်တိုင်း စာလုပ်တိုင်း တစ်နေရာရာသွားတိုင်း လင်းမောင် ကအမြဲပါသည်။

လင်းမောင်မပါလျှင် အပြင်သွားရမှာတောင်ကြောက်သလိုလို ဖြစ်လာသည်။

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now