30

109 5 2
                                    

"ဒေါက် !! ဒေါက် !! "

ဒီမနက် ခေါင့်ကိုချော့ရန် သျှားမင်းခန့်တစ်ယောက်အစောကြီးထပြီး မနက်စာစားဖို့ လာခေါ်ခြင်းဖြစ်သည်

" ဝင်လာလေ သားလေး "

တံခါးလာဖွင့်ပေးသူမှာ သျှားမင်းခန့်မသိသော မျက်နှာစိမ်းတစ်ဦးဖြစ်သည်

အသက် ၅၀ ကျော် ဝန်းကျင်လောက်ရှိပုံရပြီး ရိုးသားဖြောင့်မတ်သူ ဟု ကောက်ချက်ချနိုင်သည်အထိ တည်ကြည်လေးနက်သော သူဖြစ်သည်

" ဟုတ် "

ထိုဦးလေးကြီးကိုကျော်ပြီး ကြည့်လိုက်လေတော့ ခေါင်နှင့် နောက်ထပ် သူစိမ်းအမျိုးသားတစ်ဦးက ခေါင်းချင်းဆိုင်ကာ တစ်စုံတစ်ခုသော အကြောင်းအရာကို လေးလေးနက်နက် ဆွေးနွေးနေကြဟန်တူသည်

သျှားမင်းခန့် ဝင်လာတော့ ထိုအမျိုးသားက တစ်ဖက်ခုံသို့ပြောင်းထိုင်ရင်း သူတို့ပြောလက်စစကားကို ဖြတ်လိုက်ကြသည်

တံခါးရှေ့၌တွေ့ခဲ့သော ဦးလေးကြီးကလည်း ထိုအမျိုးသားနားသို့ ဝင်ထိုင်လိုက်လေသည်

" သျှားလာလေ ...မောင့်အနားလာထိုင်"

ခေါင်ကခေါ်သောကြောင့် ခေါင့်ဘေးတွင် ကျူံ့ကျုံ့ကလေးဝင်ထိုင်လိုက်ရသည်

" သျှားက အနေရခက်နေတာလား
မခက်ပါနဲ့ ...သူတို့ကသူစိမ်း‌ေတွမဟုတ်ဘူး
ဒါက ဦးညိုဝင်းတဲ့ ဘွားဘွားကြီးရဲ့လူယုံ
အခုတော့မောင့်လူယုံပေါ့ "

" တွေ့ရတာ ဝမ်းသာပါတယ်သားလေး
ဦး‌ညိုက သားလေးကို သိတာကြာပါပြီ
လူကတော့ အခုမှမြင်ဖူးတယ်
သားလေးက လူချောပဲကွ "

" ဗျာ ..ဟုတ် ...ကျေးစူးပါဗျ "

ထို‌ဦးလေးကြီးက သူ့ကိုဘယ်တုန်းကသိနေတာလဲ
သူတို့ချင်း မြင်လဲမမြင်ဖူးပါဘူး

သျှားမင်းခန့်အတွေးတွေနဲ့ ‌ဗျာများနေရင်း ခေါင့်ကိုလှည့်ကြည့်မိလေတော့ ခေါင့်ဆီမှ
မြင်ရခဲ့သော အပြုံးနုနုကလေးကို လှစ်ခနဲတွေ့လိုက်ရ‌ေလသည်

တိုက်ဆိုင်မှုတစ်ခုလား !

" ဒါကတော့ ကိုကျော်ဇင်တဲ့
ဦးညိုဝင်းရဲ့သားလေ ...မောင့်အလုပ်တွေကို သူနဲ့ပဲ လွှဲထားရတာ "

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now