10

123 5 1
                                    

အချိန်များတရွေ့ရွေ့ ပြောင်းရွှေ့ကုန်ဆုံး
လာရင်း မနက်ဖြန်ဆိုရင်ဆယ်တန်းအောင်စာရင်းများပင်ထွက်လာ‌ေတာ့မည်

သူကတော့ အိပ်လိုက်စားလိုက်ဖြင့် အိမ်တွင်းသာအောင်းနေဖြစ်သည်

အောင်စာရင်းမထွက်ခင်ညတွင်
မနက်အောင်စာရင်းကိုအတူတူသွားကြည့်ချင်သောကြောင့် လင်းမောင်က
သူ့အိမ်လာအိပ်ခဲ့ပါသည်

အိမ်မှာအခန်းပိုလဲမရှိသောကြောင့် လင်းမောင်နှင့် သူနှစ်ယောက်တစ်ခန်းအိပ်ရန်ဖြစ်လာသည်

နှစ်ယောက်သားဘေးချင်းကပ်လှဲနေပြီး
ဘာစကားမှမပြောကြသောကြောင့် သူအနေခက်လာပြီး ချွေးလေးများပင်ထွက်ချင်သလိုဖြစ်လာပါသည်

" လင်းမောင် ...."

" အွန်း..."

" မင်းရန်မခုန်ဘူးလား ...
ငါအောင်ပ့ါမလားမသိဘူး ဒီညတော့အိပ်ပျော်မယ်မထင်ပါဘူး "

" ငါကတော့ ရင်မခုန်ပါဘူး
မင်းရောငါရော အောင်မှာကိုငါယုံတယ်"

" မင်းက စာတော်သမားကိုး ပြောနိုင်တာပေါ့"

" တကယ်ပြောတာ မင်းအောင်မှာ မယုံရင်ကြည့်လိုက်
ဒါနဲ့ မင်းစာမေးပွဲအောင်ရင် ဘယ်ကျောင်းဆက်တက်မှာလဲ "

" အင်းးး
ငါတွေးထားတာကတော့ ပညာရေးကောလိပ်တက်မလားလို့ စာသင်ရတာလဲ ဝါသနာပါတော့လေ "

" ကောင်းပါတယ် မင်းနဲ့လိုက်တယ်
ကျောင်း‌ဆရာကလေး ခန့် ပေါ့‌ "

" ဟီးးး မင်း‌ကရော ဘယ်ကျောင်းလဲ "

" ငါကတော့ စိုက်ပျိုးရေးတက္ကသိုလ် တက်ချင်တယ် "

" ဟင် ...မင်းကအပင်တွေအကြောင်းစိတ်ဝင်စားလို့လား "

" အင်း ....နည်းနည်းပေါ့
ဒါမဲ့ တစ်စုံတစ်ယောက်က ပန်းတွေဆို
သဘောကျတတ်လို့ ငါလဲ စိတ်ဝင်စားလာပြီး
သေချာလေးလေ့လာချင်လို့ "

" ......"

" ခန့် .... အိပ်တော့လေ မီးမှိတ်လိုက်တော့မယ်နော် အိပ်တော့ မနက် မျက်ကွင်းညိုနေလိမ့်မယ် "

" အင်းး"

သူနှင့်ခန့် အိပ်ယာတစ်ခုထဲတွင် တစ်ယောက်ကိုတစ်ယောက်ကျောပေးလျက် အိပ်လိုက်ကြသည်

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now