2

341 11 1
                                    


ရစ်ခွေထားသော အိမ်တော်ကြီး၏
လှေကားလက်ရမ်းများကိုလက်ချောင်းရှည်ရှည်ကလေးများဖြင့်ထိပုတ်ကာ မနက်စာစားဖို့တစ်လှမ်းချင်းဆင်းလာခဲ့ရသည်

အိမ်နေရင်း ချည်သားဘောင်းဘီအဖြူ
ကလေးဝတ်ဆင်ထားပြီး ဆံပင်ပျော့ပျော့ကလေးများက လှေကားတစ်ထစ်ဆင်းတိုင်း
ကြည်ရှင်းသော မျက်နှာကလေးပေါ်သို့
တစ်ချက်တစ်ချက် ကျဆင်းလာလေတော့
တည်ကြည်သော ဟန်ပန်ကလေးက
ငယ်ရွယ်မှုကိုက ဖုံးဖိပေးနေသယောင်

အောက်ထပ်သို့ရောက်ခါနီးနေပြီမို့
နဖူးပေါ်မှ ဆံစတစ်ချို့ကို လက်ဖြင့်နောက်သို့
သပ်တင်ပြီး မျက်ခုံးနက်နက် များကို
လှိုင်းသဖွယ် တမင်တွန့်ချိုးထားလိုက်သည်

အသက်အရွယ်နှင့်မလိုက်ဖက်အောင်
တည်ငြိမ်လွန်းပီး အကြိမ်ကြိမ်ညှို့ယူဖမ်းစား
နိုင်လောက်သည့် ခက်ထန်သော ရီဝေဝေမျက်လုံးတစ်စုံ ရှိသော အမျိုးသားငယ်

" မိုးထိခေါင် ....."

"ဟုတ်ကဲ့ ဘွားဘွားကြီး"

" လာစမ်းပါဦး ငါ့ဆီကို"

ဘွားဘွားကြီး သူ့ကိုတကူးတကခေါ်ရသည့်အကြောင်းအရင်းကို မိုးထိခေါင် ကောင်းကောင်းကြီးသိပါသည်

မနေ့ကသူ ဘွားဘွားကြီးအသစ်အပ်ထား‌ေသာ သင်တန်းသို့မသွားဘဲ
အခန်းထဲတွင် တမင်အိပ်နေလိုက်သည်။
အခုလဲ ထိုကိစ္စကြောင့် ခေါ်ဆူခြင်းမှ တစ်ပါး
အခြားအကြောင်းအရာ မဖြစ်နိုင်ပါ

သူနှင့် ဘွားဘွားကြီးသည် သူ့ကို ဆူစရာ အကြောင်းအရာရှိမှသာ မျက်နှာချင်းဆိုင်မိကြခြင်းဖြစ်သည်

ဘာသာစကားပေါင်းစုံအတွက်Speaking
သင်တန်း ၊ ရေကူးသင်တန်း ၊ ကာရာ‌ေတး၊လူအများနှင့်ဆက်ဆံလျှင် smartကျကျ သွားလာလှုပ်ရှားရန်အတွက်ဆိုသော social သင်တန်း၊ ကျောင်းစာများအတွက်လဲ အိမ်မှာ ဆရာတစ်ယောက်ချင်းစီခေါ်သင်သည့် အပြင် ဘွားဘွားကြီး၏ မိတ်ဆွေများ အိမ်သို့လာလည်လျှင် ဖျော်ဖြေရန် piano သင်တန်းလဲ တက်ရသေးသည်။

ဖျားသောနေ့မှလွဲ၍‌ နေ့စဉ်တက်ရသော သင်တန်းများဖြစ်သဖြင့် ကြာတော့လည်း
ငြီးငွေ့လာရသည်။

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now