16

94 4 2
                                    

" မင်းတော့ ပျော်နေမှာပေ့ါ ...."

မဲ့ကာရွဲ့ကာဖြင့်မေးသော ငဇွဲကြောင့်
သျှားမင်းခန့် ပျော်နေသော်လည်း မျက်နှာပိုးကို သေချာ သတ်ကာ လေသံခပ်အေးအေးကလေးဖြင့် ပြန်ဖြေလိုက်ရသည်

" ဘာကိုပျော်ရမှာလဲ ငဇွဲရယ် ..."

" မင်း သူငယ်ဂျင်း ရှိတဲ့ ပျဉ်းမနားမှာ
တန်းပြ သွားလုပ်ရမှာလေ "

ဟုတ်ပါသည်။
သူနဲ့ ငဇွဲ နှစ်ယောက်လုံး ပျဉ်းမနားရှိအလယ်တန်း‌ေကျာင်းတစ်ခုတွင် သုံးလ တန်းပြလုပ်ရန် တာဝန်ကျလာခြင်းဖြစ်သည်

" ပျော်တယ်လို့လဲ မဟုတ်ပါဘူး
စာသင်ရတော့မှာဆိုတော့ ကြည်နူးမိတာပါ "

" ဟန်ဆောင်မနေနဲ့ မင်းပျော်နေတာ သိသာတယ် "

သူပျော်တာ အဲ့လောက်သိသာလို့လား
ကြားကြားချင်းတုန်းက သျှားမင်းခန့်
ထခုန်မတတ်ပျော်မိတာတော့ အမှန်ပင်
သို့သော် ထခုန်လို့မရပါ
ခုန်လျှင် အအုပ်ခံရမည် ဖြစ်သည်

" မင်းရော စာသင်ရမှာမပျော်ဘူးလား "

" စာသင်ရတာပျော်လို့ ပညာရေးကောလိပ်တက်တာလေကွာ ...
ဒါပေမဲ့ ပျဉ်းမနားကြီး ကျလွန်တာပေါ့
ရန်ကုန်မှာလိုမဟုတ်ဘူးခြောက်ကပ်ကပ်ကြီး"

" မင်းကျောင်းဆရာဖြစ်ရင်လဲ ရွာတွေ နယ်တွေ ကျမှာပဲ ကို "

" အဲ့တာတော့ အဲ့တာပေါ့
အခုက ကျောင်းသားဘဝလေးပဲရှိသေးတာ
ဒီမှာပဲ ပျော်ချင်သေးတယ် "

" ဘာမှကျောင်းသားဘဝမနေနဲ့
ငါတို့လဲ နောက်နှစ်ကျောင်းပြီးပြီ
ကျောင်းဆရာ‌ေတွ ဖြစ်တော့မှာ...
စိတ်ကလေးကို တရားနဲ့ဖြေ ...."

" မ‌ေဖြနိုင်ဘူးကွာ ...."

" သြော်...မင်းကို မေးရဦးမယ်
ငါမင်းကို စတွေ့တုန်းက ဘာလို့ ဘုရားတရားသမားယောင်ဆောင်နေတာလဲ "

" အဲ့တာက ယတြာချေတာ
ဗေဒင်ဆရာကဟောတယ်
ငါက အပေါင်းအသင်းကြောင့် ကပ်ဆိုက်ကိန်းမြင်တယ်တဲ့ ..."

" ဗေဒင်ဆရာက ပြောင်းပြန်ဟောလိုက်တာထင်တယ် "

" အဲ့တာနဲ့ ငါ့အခန်းဖော်အသစ်ကို ပြေးမြင်ပြီး ပြောပြလိုက်တော့ အတူနေမ‌ဲ့ အခန်းထဲမှာ အဲ့လိုလုပ်ဆိုလို့ ..."

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now