သျှားမင်းခန့် မွေးရပ်မြေသို့ ပြန်ရောက်လာပြီဖြစ်သော်လည်း တွေ့ချင်သောသူကိုမတွေ့ရသည့်အပြင် သတင်းဆိုးတစ်ခုကပါ ကြားနေရသေးသည်
အို...သတင်းဆိုးတဲ့လား....သူ့လိုလူကလေ
သူများရဲ့ သတင်းကောင်းကိုတောင်
ကိုယ့်အတွက်သတင်းဆိုးလို့ ပြောနိုင်လောက်တဲ့အထိ အချစ်က လူကိုပြောင်းလဲစေပါသည်မေမေတို့ရှေ့တွင်တော့ ဘာမှမဖြစ်သလို ပုံမှန်သွားလာလှုပ်ရှားနေရသည်
မနက်မိုးလင်းရင် အိပ်ယာထ
နေ့ခင်းဘက် စာအုပ်လေးဖတ်ပြီး
ညနေဘက်ဆို လင်းမောင်အပေါ်ထားတဲ့ ခံစားချက်တွေကို မြှုပ်နှံထားတဲ့ သစ်ပင်ကြီးဆီသို့ တစ်ယောက်ထဲ သွားထိုင်ဖြစ်သည်ဒီလိုနဲ့ လည်ပတ်လာလိုက်တာ တစ်လတောင်ရှိပြီဖြစ်သည်
လင်းမောင်ကတော့ အခုထိပြန်ရောက်မလာခဲ့ကြည့်ရတာ ကောလဟာလတွေက အမှန်ဖြစ်နေပြီထင်တယ် .....
တကယ်လက်ထပ်တော့မှာလားလင်းမောင် ...
အစထဲက စွန့်လွှတ်မယ်ဆို ဘာလို့ငါ့ခံစားချက်တွေကို ရှုပ်ထွေးအောင် လုပ်သွားရတာလဲ လင်းမောင်ရယ် .....သစ်ပင်ကြီးအောက်တွင် မြှုပ်နှံထားသော
Box လေးကို သူ တူးဖော်ဖို့ အကြိမ်ကြိမ်ကြိုးစားဖူးပါသည်သို့သော် မတူးဖြစ်ပါ
လင်းမောင် ပြောဖူးသည်
သူ့ကိုဘယ်တော့မှမတွေ့ချင်တော့အထိ နာကျည်းမိမှ ဒီbox ထဲကစာကို ဖွင့်ဖတ်ပါတဲ့ငါအခုထိ မနာကျည်းနိုင်သေးဘူးလင်းမောင်
မင်းကိုယ်တိုင် မင်းပါးစပ်ကနေ ငါလက်ထပ်တော့မယ်လို့ ပြောမှ
ခန့်ကို သူငယ်ချင်းထက်မပိုခဲ့ပါဘူး
ဟိုအမျိုးသမီးကိုပဲ သိပ်ချစ်ပါတယ် လို့
ပြောမှ အဲ့အခါကျမှ ငါဖွင့်ဖတ်မယ် ......~~~~~~~~~
" သားရေ အိမ်မှာချက်တဲ့ ငါးခြောက်ကြော်ဟင်းကို မင်းဖေဖေက သွားနာနေလို့ မစားနိုင်ဘူးတဲ့ ....ညနေစောင်းနေပြိဆိုတော့ဆိုတော့ မေေမေလဲ မချက်ချင်တော့ဘူး...
အရီးလှနွယ်ဆိုင်ကနေ အဆင်ပြေတာလေးသွားဝယ်လာခဲ့ သားရယ် ...."
YOU ARE READING
ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)
Romance" ချစ်ခြင်းတရားတွေသာ စစ်မှန်ခဲ့လျှင် ခွဲခွာခြင်းဟူသည် ဘယ်တော့မှ မရှိနိုင်ပါ အမှန်တကယ် နီးစပ်ချင်လျှင် နည်းလမ်းမျိုးစုံရှိပါသည် မနီးစပ်ချင်၍သာ အကြောင်းပြချက်မျိုးစုံပေးပြီး ခွဲခွာကြရခြင်းပင် "