3

226 8 2
                                    

ဘွားဘွားကြီး စီစဉ်ပေးလိုက်သော ကားလေးသည် ရန်ကုန် အိမ်မှ တစ်လှိမ့်ချင်း ထွက်ခွာလာ ပါသည်။

ကားပြတင်းပေါက်မှ တစ်‌ဆင့် အပြင်ဘက်သို့
ဗလာသက်သက်သာ ကြည့်နေမိပါသည်

မြင်မြင်သမျှအရာအားလုံးဟာ
မိုးထိခေါင်အတွက်တော့ အဖြူအမဲ ရုပ်ရှင်
ကို ကြည့်နေသလိုပင်
ဘာအရောင်မှမပါ ခြောက်ကပ်ကပ်ဖြစ်နေသည်

ငယ်ငယ်ရွယ်ရွယ်ဖြင့်
နေအိမ်မှ ထွက်ခွာလာရသော်လည်း
အထူးတလည် ဝမ်းနည်းမှုမရှိသော
သူ့ကို ဘေးလူများက မြင်ရင် အေးစက်ကာအသဲမာလွန်းသည်ဟုထင်လောက်သည်

မိုးထိသည် အသဲမာသူမဟုတ်သော်လည်း
သာမာန်ဆယ်ကျော်သက်တွေလို‌တော့
သစ်ရွက်လှုပ်တိုင်း ရင်မခုန်တတ်တော့တာ
အမှန်ပင် ။

နာရီအချို့မောင်းပြီးသောအခါ မိုးထိနေရမည့် လက်ပံကုန်းရွာလေး၏ ရွာထိပ်အဝင်သို့ ရောက်ခဲ့သည်။
ရှူရိူက်ရသောလေထုကအစ ရန်ကုန်နှင့် သ်ိသာစွာ ကွာခြားလွန်းသည်။

နယ်လေးသည် အေးချမ်းသည်။ သာယာသည် ။ နယ်ခံ လူတွေနှင့် မရင်းနှီးသောကြောင့် ကောင်းသလား ဆိုးသလားတော့ မိုးထိ မသိသေးပါ။

သို့သော် ရန်ကုန်က ဟန်ဆောင် မျက်နှာဖုံး များနှင့် လူများထက်စာရင် ဒီလို နယ်ရွာလေးက လူတွေက ပိုရိုးသား ကြမည်ဟု မိုးထိ ထင်မိသည်။

ရွာလမ်း အလယ်လောက် တွင် စာသင်ကျောင်းကြီး တစ်ကျောင်း ကို တွေ့ လိုက်ရသည်။

ကျယ်ဝန်းသော ခြံ ဝိုင်းကြီးအတွင်းတွင် သစ်ပင် ပန်း ပင် များဖြင့် စိမ်းလန်း စိုပြေနေသည်။
သဲခင်းထားသော ကစားကွင်းအသေးစားကလေးလဲ ရှိနေသည်

ရန်ကုန်က သူတက်ခဲ့သည့်ကျောင်းကြီးလောက် မကြီးသော်လည်း အတန်အသင့်ကျယ်ဝန်းကာ သန့်ရှင်းသပ်ရပ်သည်

နီနီရဲရဲ စိန်ပန်းပင်ကြီးကလဲ ကျောင်း၏
အလှကို ထပ်လောင်းဆင့်ပေါင်းပေးနေသည်

မိုးထိ ရန်ကုန်မှ ထွက်လာချိန်သည် ကိုးတန်း ဖြေပီး ချိန် နွေ ကျောင်းပိတ်ရက် ဖစ်သည်။
ထို့ကြောင့် ကျောင်းတွင် လူရှိမနေ ။

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now