8

104 6 1
                                    

မိုးထိခေါင် ဒီနယ်လေးကိုရောက်တာ ဘာလိုလိုနဲ့ငါးလနီးပါးရှိနေပြီဖြစ်သည်။

ဒီမှာနေရတာ အသားမကျသေးပေမဲ့
ဘွားဘွားကြီးဧ။်‌ေလာင်းရိပ်‌ေအာက်မှ လွတ်‌ေမြာက်လာ၍လားမသိ နေရထိုင်ရတာ သက်တောင့်သက်သာရှိလွန်း‌ေနသည်

ညီလေးကိုလဲ‌ အမြဲတမ်းသတိရမိပါသည်။
သူ ဘာတွေလုပ်နေလိမ့်မလဲ။ အဆင်ပြေရဲ့လားမသိ။

ဘွားဘွားကြီးက ဂရုစိုက်လွန်းခြင်းမဟုတ်သော်လည်း ပစ်ထားခြင်းမရှိသောကြောင့် နည်းနည်းတော့စိတ်အေးရသည်။
အနည်းဆုံး‌ေတာ့ မြေးအရင်းပဲလေ
သေအောင်တော့ ပစ်မထားလောက်ပါဘူး

ဒီသီတင်းကျွတ်ကျောင်းပိတ်လျှင်တော့ ရန်ကုန်သို့ ခန ပြန်ကာ ညီလေးကို သွားကြည့်ရဦးမည်ဟုတွေးထားမိသည်

ညီလေးသာမရှိလျှင် သူဒီနယ်လေးမှာပဲအခြေချမိမှာ အမှန်ပင်။

အေးချမ်းငြိမ်သက်ပြီး ဟန်ဆောင်မုသားများကင်းမဲ့ကာ သက်တောင့်သက်သာ ရှိလွန်းသော ဒီရွာလေးကို မခွာချင် ဖြစ်မိပါသည်
ပြီးတော့ မခွဲခွာချင်သော ရပ်ဝန်းငယ်လေးလဲရှိနေလေသည်။

မိုးထိခေါင် ကျောင်းမတက်ခင်ကထဲက စိတ်လှုပ်ရှားနေရမိသည်
မြို့မှာဒီထက်‌ေကာင်းတဲ့ကျောင်းတက်ရတာကိုပင် စိတ်ထဲဘယ်လိုမှ မနေသောသူက
အခုမှ အထူးအဆန်း တစ်မျိုးကြီးခံစားနေရသည်

ကိုယ်သဘောကျတဲ့သူနဲ့ နေ့တိုင်း နီးနီးကပ်ကပ် ရှိနေရမှာမို့လို့လားမသိ

မိုးထိခေါင် စိတ်ထဲတွင်ဘဝင်မကျတာတစ်ခု‌ရှိ‌ေနသည်။
အဲ့တာကတော့ ခေတ်လင်းမောင်‌ပင်
လင်းမောင် သည် စတွေ့တုန်းကနှင့် မတူတော့ဘဲ နောက်ပိုင်းတွင် တစ်မျိုး ဖြစ်လာသည်ကို သူသေချာသတိထားမိနေသည်။

ဘာကြောင့်လဲ‌ မိုးထိ‌ေခါင်မစဉ်းစား တတ်သော်လည်း သေချာပေါက် သျှားနှင့်
သက်ဆိုင်နေသည်။

မြွေမြွေချင်း‌ခြေမြင်လို့ပဲ‌ဆိုရမလား
သူ သျှားကို ကြည့်တဲ့ အကြည့်များကို မိုးထိ
ရိပ်စားမိပါသည်။
စာသင်ခန်းထဲတွင် သျှားကအခြားသူများနှင် စကားပြောနေလျှင် သျှားကို ကြည့်သော သူ့အကြည့်များကသူငယ်ချင်းထက်ပိုနေသည်

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now