19

89 4 0
                                    

" Ben !!! "

" Omm.."

" Members တွေက permit ပေးလိုက်ပြီ
မြန်မာပြည်ရဲ့ ဘယ်နေရာမှာမဆို မင်းနံမည်နဲ့
Company အခွဲတွေ စိတ်ကြိုက်ဖွင့်နိုင်ပြီ
မင်းနဲ့ ထိုက်တန်ပါတယ် လူလေးရယ် ..."

ဘွားဘွားကြီး၏ လူယုံဖြစ်သော ဦးညိုဝင်းက ဂုဏ်ယူစွာပြောလာခဲ့သည်

ဦးညိုဝင်းသည်ဘွားဘွားကြီး၏လူယုံဖြစ်နေတာလဲအဆန်းမဟုတ်ပါ
ဘွားဘွားကြီးမဆိုထားနဲ့ သူ့ကိုတောင်
သူ့သားအရင်း ကိုကျော်ဇင် ထက်ပင် အချိန်ပိုပေးသူဖြစ်သည်

Paris ကို သူရောက်စထဲက သူနှင့်အတူ
ဒူပေဒဏ်ပေခံခဲ့သော လူကြီးဖြစ်သည်

မိုးထိခေါင်ဒီနှစ်မကုန်ခင်တောင် ပြန်လို့ရလောက်ပြီ
ဒီကအလုပ်တွေကို အမြန်အပြီးသတ်ပြီးရင်ပေါ့

သိပ်လွမ်းနေခဲ့ရတဲ့ ပါးချိုင့်သေးသေးလေးကို တဝကြီးကြည့်ခွင့်ရတော့မယ်

ပြီးတော့ .....ကိုယ်မရှိတုန်း ‌မှန်ကြောင်လေးဖြစ်သွားတဲ့ သျှားရဲ့ မျက်မှန်အောက်က မျက်ဝန်းလေးတွေကိုလဲ သေချာပေါက်
တွေ့ချင်နေမိပြီ သျှားရယ် .....

" Thank.... uncle!!"

ဒီသတင်း‌ေကြာင့် လူလေးပျော်နေတာ
သိသာပါသည်
အမြဲတမ်း တင်းတင်းစေ့ထားတတ်သော နှုတ်ခမ်းများက အနည်းငယ်ကွေးညွတ်နေတာ သက်သေပင်....

သူပြောလျှင် ခေါင်းငြိမ့်ပြရုံအပ တစ်ခါတလေမှ စကားပြန်ပြောသော မိုးထိခေါင်ကို ကြည့်ကာ ဦးညိုဝင်း တဂယ်
သနားမိပါသည်

ဆယ်ကျော်သက်အရွယ်ကလေးနဲ့ မမျှသော လောကဓံအလှည့်အပြောင်းတွေကို အလူးအလဲခံလာရသည့်အပြင်

‌စိတ်ထဲတွင် မြေးများကို အသက်လောက်ချစ်သော်လည်း အပြင်ပိုင်းတွင်တော့ အေးစက်စက် ဆက်ဆံတတ်သော မမမြခက်
၏လက်အောက်တွင် ကြီးပြင်းလာခဲ့သော
ကလေးပီပီ အရာရာကို အေးစက်လွန်းသည်

မမမြခက် သူမ၏မြေးများကို ဘယ်လောက်ချစ်ပြီး ထွန်းပေါက်စေချင်သလဲ ဆိုတာ ဦးညိုဝင်းသာ အသိဆုံးဖြစ်ပါသည်

အငယ်ကောင်လေးဆုံးသွား‌တာ သူမကြောင့်ဟူသောစိတ်ဖြင့် ဆုံးပါးခဲ့ရသော မမမြခက်!

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now