" သားရေ မင်းခန့် ..... ထတော့လေ
အိမ်ေရှ့မှာမင်းသူငယ်ချင်းလင်းမောင် အပြင်သွားဖို့ လာခေါ်နေပြီ ....."မေမေ့ ခေါ်သံကြောင့် သျှားမင်းခန့် အိပ်ရေးမဝသေးသော်လည်း နိူးလာခဲ့ရသည်။
သို့သော် အိပ်ရာမှ မထသေးဘဲ သူ နှင့် လင်းမောင် စတွေ့ သည့် အချိန်ကို ပြန်တွေးနေမိသည်။
နိုးနိုးချင်း ချစ်ရသူတွေရဲ့ အကြောင်းကို တွေးတာဟာလည်း မဂ်လာတစ်ပါးပင် မဟုတ်လား ....
ထိုကောင်းခြင်း မဂ်လာများထဲမှ
တစ်ခုသော ကောင်းခြင်းလေး" လင်းမောင် !! "
" လင်းမောင် " ဆိုတာ သူ့ဘဝရဲ့ အရေးကြီးဆုံးထဲ က တစ်ယောက်ပေါ့ ။
ငယ်စဉ်အခါက
အဖြူစင်ဆုံးအချိန်မှာတွေ့ခဲ့ရတဲ့ သူငယ်ချင်းကြီးလာတော့မှ အချစ်ဆိုတဲ့ အရောင်ကို
ပြောင်းစေသောသူ
သူ့ဘဝရဲ့ တန်ဖိုးအရှိဆုံးသောသူ
သူငယ်ချင်းဆိုတဲ့ စည်းကြီးကြီး ခြားထားသူအဆိုးဆုံးကတော့ သူလဲ ယောက်ျားလေး
ကိုယ်ကလဲ ယောကျာ်းလေး
ဘယ်လိုမှ ပေါင်းစပ်လို့ မရတဲ့ နှစ်ယောက်သျှားမင်းခန့် နှင့် ခေတ်လင်းမောင် သည်
သုံးတန်းအရွယ်မှာ စတွေ့ ခြင်း ဖြစ်သည်။လင်းမောင်သည် ငယ်ငယ်ကဝဝပြည့်ပြည့်လေးဖြစ်ပြီးသူ့ရဲ့ မျက်လုံးမှေးမှေးလေးများမှိတ်ကျသွားသည့်အထိ ပြုံးပြလာကာ သူ့ဘဝထဲ တစ်လှမ်းချင်း ဝင်လာခဲ့ ပါသည်။
သူ့ကို လင်းမောင်က စတင် မိတ်ဆက်လာခြင်းဖြစ်သည်။
လင်းမောင်၏မိတ်ဖွဲ့ပုံကအလွန်ပင်ထူးခြားပါသည်
မှတ်မှတ်ရရ သုံးတန်းနှစ်စတွင် သူတစ်ယောက်ထဲထိုင်နေတုန်း လင်းမောင်က သူ့ရှေ့ရောက်လာခဲ့သည်
ရိုးရိုးရောက်လာခြင်းမျိုးမဟုတ် မျက်နှာတွင်ရေခဲမုန့်များပေကျံကာရောက်လာခဲ့ခြင်းဖြစ်သည်
အစကတော့ သူလဲအံ့ဩပြီးရယ်ချင်ပေမဲ့
လင်းမောင်ကရယ်ချင်ရယ်ချလိုက်နော် မင်းရယ်အောင်
တမင်သုတ်လာတာတဲ့
YOU ARE READING
ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)
Romance" ချစ်ခြင်းတရားတွေသာ စစ်မှန်ခဲ့လျှင် ခွဲခွာခြင်းဟူသည် ဘယ်တော့မှ မရှိနိုင်ပါ အမှန်တကယ် နီးစပ်ချင်လျှင် နည်းလမ်းမျိုးစုံရှိပါသည် မနီးစပ်ချင်၍သာ အကြောင်းပြချက်မျိုးစုံပေးပြီး ခွဲခွာကြရခြင်းပင် "