31

96 3 4
                                    

" သျှား "

" ဟင် "

" မောင်လေ သန်ဘက်ခါကျရင် လန်ဒန်ကို
ခနသွားရမယ် "

" အင်း သွားလေ "

ခေါင့်အမူအရာက ထူးဆန်းနေလွန်းနေသည်
တခုခုကိုပြောချင်ပေမဲ့ မပြောရဲသည့်ပုံစံဖြစ်နေသည်ကို သျှားမိခန့်သတိထားမိသော်လည်း ထုတ်မမေးချင်ပါ

" သျှား ! "

" အင်း "

" နယ်ကိုမပြန်တော့ဘူးလား
ကျောင်းပိတ်ရက်တွေဆို ပြန်လို့ရသားနဲ့ ဘာလို့မပြန်တာလဲ
ဟိုတစ်ယောက်ကြောင့်လား "

ခေါင်၏ အဖြေပါနေသော မေးခွန်းကို သူမတုန့်ပြန်နိုင်တော့ပါ

ဟုတ်ပါသည် ။ တကယ်ကို သူ့ကြောင့် နယ်ကိုမပြန်နိုင်ခြင်းဖြစ်သည်

‌မေမေ ဖေဖေ ညီလေးတို့ကိုလွမ်းပေမဲ့
တခြားမိန်းမလက်ကိုတွဲထားတဲ့ သူ့ကို မြင်ရရင် ဒီနှစ်တွေအတွင်း မနည်းဆောက်တည်ထားရတဲ့ စိတ်က ပြိုလဲသွားနိုင်ပါသည်

တကယ်ကိုကြောက်နေမိသေးသည်

" သျှားက အခုထိမမေ့နိုင်သေးဘူးပဲ "

ကွဲအက်‌ေသာအသံဖြင့်ပြောလာသော
ခေါင့်ကို သူဘယ်လိုနှစ်သိမ့်ပေးရမလဲ

သူ‌ေမ့နိုင်ပါပြီလို့ လိမ်ညာလိုက်ရမလား

" ခေါင် ! ငါကလေ ...."

" ရတယ်သျှား ...ဒါကမောင့်ကြောင့်ပါ
မောင်လုံလုံလောက်လောက်မချစ်ပေးရသေးလို့ သျှားမမေ့နိုင်သေးတာ
မောင်တို့မှာအချိန်တွေအများကြီးရှိပါသေးတယ်
တစ်နေ့‌ေန့တော့ သျှားရဲ့အလုံးစုံကို မောင်ပဲပိုင်ရမှာပါ "

မီး၏အလင်းရောင်ကြောင့်လားမသိ
ခေါင်က မျက်ရည်အနည်းငယ်ဝဲလာသည်ဟုပင် သူထင်မိပါသည်

သူခေါင့်အနားသို့ဖြေးညှင်းစွာကပ်သွားပြီး
တင်းကြပ်စွာဆုပ်ထားသော ခေါင့်၏လက်နှစ်ဖက်ထဲမှ တစ်ဖက်ကို ဖြေးညှင်းစွာ ကောက်ယူရင်း သူ့ပါးတစ်ဖက်ပေါ်သို့ တင်ကာ

" မောင် ! "

သူခေါ်လိုက်တော့ မောင်က သူ့ကိုပြန်မထူးဘဲပြိုတော့မည့်မိုးလို မျက်လုံးများဖြင့် မော့ကြည့်လာသည်

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now