26

79 5 3
                                    

" သျှား ! "

" ဟင် "

" အဆင်ပြေရဲ့လား ..."

" မပြေစရာအကြောင်းမှမရှိတာ ခေါင်ရယ်"

" သျှားဒီလိုစိတ်ဆင်းရဲနေမယ်မှန်းသိရင်
မဂ်လာပွဲကို မသွားဖြစ်အောင်တားမိခဲ့မှာ "

" ခေါင်ရယ် ...
သူများတွေရဲ့ ကောင်းခြင်းမဂ်လာနေ့မလား
ဒီလိုကြီးတော့မပြောပါနဲ့ "

အရင်က သူ့အပေါ်ဆို ခပ်စွာစွာကလေးပြောကာ ရန်ရှာတတ်သော သျှားသည် အခုတော့ အရာအားလုံးကို လက်လွတ်လိုက်ရ‌သယောင် ....

ဒီပုံစံသည် သျှားနှင့်မလိုက်ဖက်သောပုံစံဖြစ်သည်
အရင်လိုတက်ကြွတဲ့သျှားပဲအမြဲဖြစ်စေချင်ပါသည်

မိုးထိခေါင် တစ်ယောက် သျှားရဲ့ ညိုညက်ညက် မျက်နှာကလေးကို ငေးရင်း တွေးနေမိခြင်းဖြစ်သည်

ပါးချိုင့်သေးသေးလေးတွေလဲပျောက်ကွယ်နေသလို မျက်လုံးထောင့်က မှဲ့နက်ကလေးကလဲ ဝမ်းနည်းနေသယောင်

" ငါ နောက်အပတ်ထဲ ကလောကို သွားရတော့မယ် "

" အစောကြီးသေးတယ်မဟုတ်ဘူးလား
ကျောင်းတွေတောင်အခုမှပိတ်တာကို "

" စောပေမဲ့ ...နေစရာရှာရဦးမယ်လေ
ပတ်ဝန်းကျင်နဲ့လဲ ရင်းနှီးကျွမ်းဝင်အောင်လို့ပေါ့"

" အင်း ..."

သျှားက ဆင်‌ခြေမျိုးစုံပေးနေ‌ေပမယ့်
အဓိကအကြောင်းရင်းကိုသူသိပါသည်

သျှားဒီရပ်ဝန်းမှာ မနေနိုင်ခြင်းကြောင့်ဖြစ်သည်

သျှားအတွက် အဲ့တစ်ယောက်က ဘယ်လောက်ထိအရာရောက်လဲ
အကန့်အသတ်မဲ့လား !

~~~~~~~~~~~~~

ဒီညက သွယ်နဲ့ အစ်ကိုရဲ့ မဂ်လာဦးည

သွယ်ညနေက စိတ်လှုပ်ရှားနေခြင်းဖြစ်သည်
လက်ဖျားခြေဖျားတွေတောင်အေးချင်လာပါသည်

အစ်ကိုနဲ့ သူနဲ့ ဒီည ....

သွယ်တွေးနေတုန်း အစ်ကို က အခန်းခဲသို့ဝင်လာပါသည်
သွယ်ရင်ထဲထဲတွင် ဒိန်းခနဲ ဖြစ်သွားကာ
ရှက်သလိုလို ကြောက်သလိုလို ဖြစ်လာရသည်

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now