5

142 4 2
                                    

မိုးထိ သည် ဘွားဘွားကြီး၏ ပန်းခင်းကြီးကို နေ့စဉ်ရေလောင်းပေါင်းသင် သည်။
အတွေ့အကြုံမရှိသော်လည်း ရန်ကုန်အိမ်မှာတုန်းက အခန်းထဲအောင်းပြီး စာအုပ်များဖတ်တာက အကျင့်တစ်ခုက ယခုအချိန်တွင်တော့အကူအညီကောင်းတစ်ခု ဖြစ်လာပါသည်

အခုလဲစိုက်ပျိုးရေးစာအုပ်များ ဝယ်ဖတ်ကာ
အစွမ်းကုန် ပြုစုပျိုးထောင်ပါသည်
သူ့စေတနာကို ပန်းကလေးများက သိသည်ထင်ပါရဲ့
အရောင်စုံ ဖူးပွင့် ကာ လှပကြသည်။

သို့‌သော် မိုးထိတွေး ထားသလို အော်ဒါသွင်း ရမည့် နေရာများ မရှိသဖြင့် နောက်တစ်မျိုးစီစဉ်လိုက်ရသည်။

ဘေးခြံက အရီးလှနွယ် ရဲ့ သား‌ ကိုမြင့်ဦး အဆက်အသွယ်ဖြင့် တစ်ပတ်ရစ်စက်ဘီးလေး တစ်စီး ဝယ်လိုက်သည်။

မိုးထိမနက်တိုင်း ပန်းများကို သေချာစီးနှောင်ပီး စက်ဘီးလေးဖြင့် လိုက်ရောင်းသည်။
အတွေ့အကြုံ မရှိသော်လည်း ဈေးဆိုင်မှ အလှပန်းအိုး ထိုးလိုသူများ ၊ ဘုရားကပ်လိုသူများ က‌ နေ့စဉ်ရှိနေသဖြင့် အဆင်ပြေလှသည်။

~~~~~~~~~~~~~~

" ခန့်.... "

" အွန်း..."

မုန့်တီသောက်နေရင်း ခေါင်းမော့‌လာသော ခန့်မျက်နှာ‌ေလးတွင် ငရုတ်သီးဖက်သေးသေးကပ်နေသည်ကိုတွေ့လိုက်ရသဖြင့်
တစ်ရှူးစဖြင့် သုတ်ပေးရင်းမှ

" ပြောင်းလာတဲ့ ရန်ကုန်သားလေ မနက်တိုင်းစက်ဘီးနဲ့ ပန်းလိုက်ရောင်းနေတယ်ကွ
သူစီးပွားရေး အဆင်‌မပြေလို့လား မသိဘူး
ပြောင်းလာတာလဲ တစ်ယောက်ထဲ အရမ်းထူးဆန်းတယ်"

" ဟုတ်တယ်....ငါလဲတွေ့တယ် လင်းမောင်
ဒါ‌ေပမဲ့ ငါတို့တွေ ခုမှ သိရုံလေးလေ
မေးလိုက်ရင် စပ်စုတယ် ရာ ကျမှာပေါ့"

" အင်း ဒါလဲ ဟုတ်တာပဲ "

" ကဲပါ စားစရာရှိတာသာစား"

လင်းမောင် စားချင်သည်ဆို၍ နှစ်ယောက်သားမုန့်တီဆိုင် ထိုင်ဖြစ်ကြခြင်း ဖြစ်သည်။

" ငါ့အိမ်က ခေါင် နဲ့ နီးနေတာပဲ ညနေ ကျရင်တော့ သူ့ခြံဘက် လျှောက် ပြီး အဖော်ပြုပေးဦးမှ ။ လူသစ်ဆိုတော့ ပျင်းနေရော့မယ် "

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now