27

96 5 6
                                    

" သာဓု...သာဓု .....
ကျန်းမာပါစေ ချမ်းသာပါ‌ေစ
ငါ့သားလေ အစစအရာရာအဆင်ပြေပါစေကွယ် "

" ဟုတ်ကဲ့ပါဖေဖေ "

ဒီနေ့သျှားမင်းခန့်ကလောသို့သွားရန်စထွက်တော့မည်ဖြစ်သည်
ဖေဖေနှင့်မေမေကို ကန်တော့သောအခါ
ဖေဖေကတော့ ဆုတွေပေးပြီး စိတ်မကောင်းဟန်ရှိသော်လည်း မသိသာ

မေမေမှာတော့ မျက်ရည်များကျကာ ဆု‌ပင်မပေးနိုင်

" ဒေါ်စံသျှားရယ် ကလေးကခရီးသွားမှာကို
ဘာလို့ငိုနေရသလဲ ကလေးစိတ်မကောင်းဖြစ်အောင် "

" အို ...တော်ကလည်း ...ကျွန်မတို့သားလေးကကျောင်းပြီးထဲက အိမ်ကိုကြာကြာပြန်လာနေတယ်ဆိုတာရှိလို့လား
အခုမှ အတူပြန်နေမယ်ကြံကာရှိသေး
သားကထပ်သွားရပြန်ပြီ "

မေမေပြောလေတော့ ဂျောင်မှာကပ်ရပ်နေတဲ့ ညီလေးမှာလေ ငိုငိုမဲ့မဲ့ကလေးဖြင့် ကြည့်လာသည်

ညီလေးသည် လူပျိုပေါက်အရွယ်ကလေးဖြစ်လာသော်လည်း အခြားဆယ်ကျော်သက်တွေလိုမဆိုးသွမ်းတော့သော တော်တော့သည်

မေမေပြောတာလဲ ဟုတ်ပါသည်လေ
သူလက်ပံကုန်းရွာမှာနေဖို့အင်အားမရှိလို့
လျှောက်နေနေခဲ့တာ မေမေတို့ဘက်ကို ကြည့်ဖို့ပျက်ကွက်ခဲ့ပြီပဲ

" မေမေရယ် သားက ကျောင်းပိတ်ရင်ပြန်လာမှာပါ
ပြီးတော့လေ လုပ်သက်ကြာရင် ကိုယ့်နယ်ကိုပြန်ကျအောင်စီစဉ်ပါ့မယ် "

" တော်လေးကပြောတော့အလွယ်လေး
ဟိုကလောသူတွေနဲ့ အိမ်ထောင်ကျပြီး ဒီပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲ "

မေမေထိုသို့ပြောလိုက်တော့ သူ့ကိုရန်ကုန်ထိလိုက်ပို့ရန် ရပ်စောင့်နေသော ခေါင်က ခွီခနဲ ထရီသည်

ဘယ့်နှယ် သူများသားအမိတွေအလွမ်းသယ်နေတာကို သူကရီနိုင်‌ေသးတယ်

ပြီးမှတွေ့ဦးမယ်
ကလောသူတွေတစ်ယောက်ပြီးတစ်ယောက်ယူပြလိုက်မှဖြင့်

" ကဲ...ဒါဆိုသားတို့သွားကြတော့နော်
နေမြင့်ရင်ပူတယ် ...အစောလေးထွက်ကြ "

" ဟုတ်ကဲ့ဖေဖေ "

မေမေ၊‌ေဖ‌ေဖနှင့် ညီလေးတို့အကုန်လုံးက ခြံဝထိလိုက်ပို့ပေးသည်

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now