" Hello ....."
" ပြော!!"
" Boss မှာထားတဲ့ အတိုင်း သေချာပို့ပေးလိုက်ပြီးပါပြီ "
" အင်း..."
" အကိုလေး ဒီနေ့ သူ့သူငယ်ချင်းတွေကို
မုန့်လိုက်ကျွေးမယ်လို့ သိထားရတယ် "" အကုန်စီစဉ်ပေးလိုက်
သျှားရဲ့ ဒီနေ့လေးမှာ ဘာအနှောင့်အယှက်မှ
မကြုံရဘဲ အေးဆေးဖြတ်သန်းရမယ် "နှစ်တိုင်းဒီနေ့လေးသည် အထူးခြားဆုံးဖြစ်သည် ။မိုးထိခေါင် ဒီနေ့တစ်နေ့လုံးဒေါသမထွက်ချင်ပါ။ ဒီနေ့က သျှားရဲ့ အသက် 20 ပြည့် မွေးနေ့လေး!!
သျှားရဲ့ေမွးေန့တိုင်းမှာ သျှားသိပ်ကြိုက်သော ပန်းကလေးများကို
အမျိုးအစားစုံလင်စွာဖြင့် သူပို့ပေးလေ့ရှိသည်"ဟိုးရှေ့နှစ်က ၁၈ ပွင့်
မနှစ်က ၁၉ ပွင့်
ဒီနှစ်တော့အပွင့် ၂၀ ဖြစ်ပြီပေါ့ သျှားရေ..."မိုးထိ နောက်နှစ်နှစ်လောက်ဆို မြန်မာနိုင်ငံသို့
ပြန်လို့ရတော့မည်ရန်ကုန်တွင် SK ဟူသော အမည်ဖြင့် ပြင်သစ်မှ company ခွဲတစ်ခု ဖွင့်ရန်ကြိုးစားနေသည်မှာ အောင်မြင်တော့မည်ဖြစ်သည်
ဒီနှစ်နှစ် အတွင်းတော့ သတိရတဲ့ စိတ်ကလေးကို မနည်းချုပ်တည်းထားရဦးမည်
တဂယ်တော့ သျှားကိုသတိရနေတာ မဟုတ်ပါဘူး
တစ်နေ့မှ မမေ့ဖူးတာ"ကျွန်တော်ပြန်လာရင် သျှားဝမ်းသာမှာလား
ဒါမှမဟုတ် တွေ့ခဲ့ချိန် တိုတောင်းလွန်းလို့
ကျွန်တော့်ကို မေ့နေမှာလားသျှားမေ့လဲရပါတယ် ကျွန်တော်က သျှားဘဝထဲကို အစကနေ ပြန်ဝင်လာပေးမှာမို့လို့ '"
အိပ်ရာမှ နိုးနိုးချင်း သျှားအကြောင်းတွေးနေမိတာ ဖုန်းလာသံကိုပင် နှစ်ခေါက်မြောက်မှ
ကြားမိသည်ဘယ်သူဆက်တာလဲ ကြည့်လိုက်မိတော့
သူရဲ့ တစ်ဦးတည်းသော မိန်းကလေးသူငယ်ချင်း " Johnsy( ဂျွန်စီ) " ဖြစ်နေသည်ပြင်သစ်အေမရိကန်ကပြားလူမျိုးဖြစ်သော Johnsy သည်
မိန်းကလေးဖြစ်သော်လည်း မိန်းကလေးမဆန်ဘဲ ပွင့်လင်းသောကြောင့် မိုးထိနှင့် အတော် အဆင်ပြေသည်
YOU ARE READING
ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)
Romance" ချစ်ခြင်းတရားတွေသာ စစ်မှန်ခဲ့လျှင် ခွဲခွာခြင်းဟူသည် ဘယ်တော့မှ မရှိနိုင်ပါ အမှန်တကယ် နီးစပ်ချင်လျှင် နည်းလမ်းမျိုးစုံရှိပါသည် မနီးစပ်ချင်၍သာ အကြောင်းပြချက်မျိုးစုံပေးပြီး ခွဲခွာကြရခြင်းပင် "