ချိုမိုင်မိုင် (အပိုင်း ၅)
ဝေဟင့်ဆီကို စာတွေဆက်တိုက်ပို့ရင်း ပြန်စာရသည့်စာများကိုလည်း ခန့်ဘုန်းမေ သေချာသိမ်းထားလေသည်။ ကိုးတန်းကိုအောင်အောင်မြင်မြင်ဖြေနိုင်ဖို့ စာကြိုးစားသလို ဝေဟင့်ဆီကိုလည်းကြိုးစားပမ်းစားစာတွေပို့လေသည်။
"ပိစိ...သီတင်းကျွတ်ကျောင်းပိတ်ရက် အပြင်ထွက်လို့ရလား။ ရရင်နင့်ကျူရှင်နားက မုန့်တီဆိုင်မှာတစ်ရက်တွေ့ရအောင်။ ငါဘော်ဒါကနေအိမ်ပြန်ရက် ရထားတယ်။နင့်ကိုလာတွေ့မယ်။ငါ့ကိုလာတွေ့မယ်ဆို အချိန်နဲ့ရက်ကိုအတိအကျစာပြန်ပါ။"
ဝေဟင့်ဆီကနေ ရလာသည့်စာတွေထဲ၌ ခန့်ဘုန်းကို လာတွေ့မည်ဟုရေးထားသည့်စာကိုရသည့်အခါတွင် ခန့်ဘုန်းပျော်သွားလေသည်။ပြန်စာ၌ အချိန်နှင့်နေ့ရက်တို့ကိုသေချာရေးထည့်ပေးလိုက်သည်။
သီတင်းကျွတ်ကျောင်းပိတ်ရက်တွေမှာ အိမ်ပြင်ထွက်ခွင့်ရဖို့အတွက် ခန့်ဘုန်းအိမ်မှာလိမ္မာပြနေရသည်။အိမ်အလုပ်တွေကူလုပ်ပြီး ဝေဟင်နှင့်ချိန်းထားသည့်ရက်ကို သူငယ်ချင်းအိမ်အလည်သွားမည်ဟုကြိုပြီး လိမ်ထားရသည်။ဝေဟင်ကျောင်းထွက်ပြီး ဘော်ဒါပြောင်းထဲက မေမေကလည်းခန့်ဘုန်းကိုအတင်းအကြပ်သိပ်မလုပ်ပေ။ ခန့်ဘုန်းနှင့်ဝေဟင်အဆက်အသွယ်ပြတ်သွားပြီဟု ယုံထားလေသည်။
ထို့ကြောင့် ဝေဟင်နှင့်သွားတွေ့မည့်နေ့ကို သူငယ်ချင်းအိမ်သွားမည်ဟုပြောလိုက်ခြင်းကို သံသယမဝင်ခဲ့ပေ။မြန်မြန်သွားပြီး မြန်မြန်ပြန်လာဖို့သာမှာလေသည်။ ခန့်ဘုန်းမှာဝေဟင်နှင့်ချိန်းထားသည့်နေရာကို ကြိုရောက်နေမိ၏။
မုန့်တီဆိုင်ထဲထိုင်ကာ စောင့်နေမိသည်။ ခန့်ဘုန်းတို့ကျူရှင်နားက မုန့်တီဆိုင်သည် အရသာကောင်းသလိုထိုင်လို့ကောင်းသည့်နေရာဖြစ်သည်။ ကျောင်းသားတွေအများဆုံးထိုင်သည့်ဆိုင်ဖြစ်၍ ကျောင်းပိတ်ထားသည့်အချိန်မှာလူရှင်းနေတတ်လေသည်။ အခုခန့်ဘုန်းရောက်ချိန်၌ နှစ်ဝိုင်းလောက်သာလူရှိ၏။ ခြံဝန်းအကျယ်ကြီးမှာသစ်ပက်တွေအပြည့်နှင့် ပတ်ပတ်လည်ကဝါးရုံတွေကိုခြံစည်းရိုးသဘောကာထားခြင်းဖြစ်သည်။ ထို့ကြောင့် တိတ်ဆိတ်ပြီး စတိတ်ကျောင်းသားတွေ၏ဘုံဖြစ်နေလေသည်။
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘