ချိုမိုင်မိုင် (အပိုင်း ၃)
ကျောင်းဆင်းသည့်အခါ ခန့်ဘုန်းမေကို ဝေဟင်လာခေါ်လေသည်။စိတ်ဆိုးပြေနေပြီမို့ ခန့်ဘုန်းမေ၏မျက်နှာမှာပြုံးစိစိကလေးဖြစ်နေလေသည်။ ဘေးက ငြိမ်းသွယ်နှင့်စုရှင်းခိုင်မှာလည်း ကြိတ်ပြီးရယ်၏။
"နင်တို့နော်..."
"ခိ...ခိ..."
သူငယ်ချင်းတွေကို မျက်စောင်းလှည့်ထိုးနေသည့် ခန့်ဘုန်းမေကို ဝေဟင် ရယ်ပြီးကြည့်နေမိသည်။ ပြီးမှခန့်ဘုန်းမေ၏လက်ထဲက ဖိုင်အိတ်ကိုယူလိုက်၏။ခန့်ဘုန်းမေက ခွင့်မပြုပေ။
"မသယ်ပေးနဲ့တော့။ ကျောင်းပေါက်ဝတင်ကို။တော်ကြာမေမေတွေ့သွားရင် သေလိမ့်မယ်"
"အင်း...ကျူရှင်မှာမုန့်စားနားချိန်လာခဲ့မယ်"
"ဘောလုံးပဲ သွားကန်။မလာနဲ့"
"သေချာလို့လား..."
ခန့်ဘုန်းမေ သူ့ကိုမျက်စောင်းထိုးလိုက်၏။
"တကယ်လည်း မဟုတ်ဘဲနဲ့ကွာ...ပိစိတို့များအိုက်တင်ခံနေတယ်"
"နင်နော်..."
ခန့်ဘုန်းမေ၏ခေါင်းကို ဆံပင်တွေပွသွားသည်ထိ သူကဖွပစ်လိုက်လျှင် ခန့်ဘုန်းမေမျက်စောင်းတွေအဆင့်ဆင့် သူ့ဆီပို့လွတ်လိုက်လေသည်။ ကျောင်းပေါက်ဝနားရောက်လာပြီမို့ သူ့ကိုအရိပ်အကဲပြကာ နေခဲ့ခိုင်း၏။ငြိမ်းသွယ်တို့နှင့်အတူ လက်ချင်းချိတ်ပြီးကျောင်းပြင်ထွက်ခဲ့လျှင် ခန့်ဘုန်းမေ၏မေမေမှာ ကျောင်းရှေ့၌အဆင်သင့်စောင့်နေလေသည်။
"မေမေကလည်း နေဒီလောက်ပူတာကို လာကြိုနေသေးတယ်"
ခန့်ဘုန်းမေ နူတ်ခမ်းလေးစူပြီးပြောလျှင် မေမေကမျက်နှာကိုသာမက နူတ်ခမ်းပါရွဲ့ပြီး....
"အဲ့ဒါ ညည်းကြောင့်လေ။ လူကြီးသိပ်ဖြစ်ချင်နေတဲ့ညည်းကို စိတ်မချလို့ လိုက်ကြိုပို့နေရတာ။"
"မေမေကလည်း ခန့်ဘုန်းဘာလုပ်လို့လဲ"
"ဘာလုပ်လည်း ညည်းကိုညည်းသိမှာပေါ့။ "
"မေမေကလည်း..."
"ဘာမှ မေမေကလည်းလုပ်မနေနဲ့။ လာ..."
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘