part 24

11K 237 7
                                    

ချိုမိုင်မိုင် (အပိုင်း ၂၄္)

ညီအစ်ကိုနှစ်ယောက် စုရှင်းခိုင်ကို လိုက်ပို့ပြီးပြန်လာသည့်အခါ လေဟင်ကတစ်လမ်းလုံး ငြိမ်နေ၏။ဝေဟင်ကလည်း ဘာမှမပြောဖြစ်သေးပေ။ 

"အငယ်ကောင်...."

အိမ်နားရောက်ခါနီးမှ လေဟင်က ခပ်တိုးတိုးအသံထွက်လာလေသည်။ 

"ကောင်မလေးအိမ်က မိသားစုတွေ ဘယ်အချိန်ပြန်လာကြတာလဲ"

"သားလည်း သေချာမသိဘူးကိုကို"

"အရင်ကရော ပြန်လိုက်ပို့ဖူးလား"

"ဟင့်အင်း...မပို့ဖူးဘူး။ ကိုကိုသိချင်ရင်ပိစိကိုမေးကြည့်လေ"

"အင်း..."

လေဟင်က ပြန်ငြိမ်သွား၏။ အိမ်ကိုနှစ်ယောက်အတူတူပြန်လာကြရင်း အိမ်ရောက်သည့်အခါ အမေနှင့်ခန့်ဘုန်းတို့ထိုင်ကာ အဖေနှင့်စကားပြောနေကြလေသည်။သူတို့နှစ်ယောက်ကိုမြင်သည့်အခါ အမေကသက်ပြင်းချ၏။ 

"ငါ့သားကြီး တခြားကောင်မလေးပြောင်းကြိုက်တော့"

"ဘာဖြစ်လို့လဲ နွဲ့ရီ"

ဦးတင့်က အရင်ဖြတ်မေးလိုက်၏။ 

"ရှင်ပြောသလိုပဲ။ အဲ့ကလေးမက ကျုပ်တို့အိမ်နဲ့ကီးမကိုက်ဘူး။တအားရိုင်းတယ်"

"ဟေ...ငါနဲ့ပြောတုန်းကမရိုင်းပါဘူး"

"ဆဲဆိုနေမှ ရိုင်းတာမဟုတ်ဘူး။ စကားအပြောမတတ်ရင်လည်းဆဲသလိုပဲ။လူကြည့်တော့ လက်တောက်လောက်နဲ့ ကျုပ်ကိုတောင်ဆရာပြန်လုပ်ချင်နေသေးတယ်။ သူ့သူငယ်ချင်းဗိုက်ကြီးတာ ကျုပ်ကပဲအထိန်းအသိမ်းမတော်သလိုနဲ့။ ကျုပ်ကတော့ အဲ့ကလေးမကိုချဥ်တယ်။"

"တွေ့ချင်တော့လည်း မင်းပဲ။ချဥ်ချင်တော့လည်း မင်းပဲ"

ဦးတင့်က သက်ပြင်းချကာခပ်ငြီးငြီးဆိုလေသည်။ လေဟင်ကတော့ ဘာမှမပြောဘဲအခန်းထဲဝင်သွား၏။ ထိုနေ့ကစလို့ လေဟင်ကစုရှင်းခိုင်နှင့်ပတ်သတ်၍ ဘာမှမေးမြန်းချင်းမရှိသလို ပြောတာမျိုးလည်းမလုပ်ပေ။ ငြိမ်းသွယ်က အိမ်ကိုအဝင်အထွက်မပျက်အမြဲလာသလို ပိတ်ရက်တွေ၌လည်း လာလည်တတ်လေသည်။စုရှင်းခိုင်က ပိတ်ရက်တွင်သင်တန်းတက်ရ၍ မလာဖြစ်တော့ပေ။ 

ချိုမိုင်မိုင်Where stories live. Discover now