part 8

8.9K 202 0
                                    

ချိုမိုင်မိုင် (အပိုင်း ၈)

"ဖြောင်း...."

ရိုက်ချက်က ပြင်းထန်သလို အရိုက်ခံရသည့် ခန့်ဘုန်းမေ၏ကိုယ်လုံးလေးမှာလည်း မြေပြင်ပေါ်ခွေခနဲပြုတ်ကျသွားလေသည်။ နားတစ်ဖက်လုံးအူသွားကာ ဘာမှပင်မကြားနိုင်တော့ပေ။

"ခွေးထက်မိုက်တဲ့သမီး...အမိုက်မ"

ဒေါ်မာမာမြင့်မှာ ရင်ကျိုးသလိုဒေါသလည်းဖြစ်ကာ ခန့်ဘုန်းမေနှင့်ဝေဟင်ပိုင်တို့ပြန်လာသည်နှင့် အိမ်ပေါက်ဝကနေစီးကြိုပြီး ရိုက်ယုံသာအက ကျိမ်းမောင်းလိုက်၏။

"ပိစိ....ပိစိ"

လဲကျသွားသည့်ခန့်ဘုန်းမေကို ဝေဟင်ကထွေးပွေ့သည်။ဒေါ်မာမာမြင့်ကို ဘုကြည့်ကြည့်ကာတောက်ခေါက်၏။

"အောက်တန်းစားကောင် ငါ့သမီးကို မင်းဖြားယောင်းတာမဟုတ်လား။ ငါ့သမီးကိုမင်းတမင်တကာခေါ်ထုတ်ထားသွား"

"ကျုပ်ဘာသာ ချစ်လို့ခိုးပြေးတာ ဘာဖြစ်လဲဗျာ"

"ဘာပြောတယ်...ငါ့သမီးက မင်းလိုလူမျိုးနဲ့တန်လို့လား...."

ထိုစကားကြောင့် ဝေဟင် လက်သီးဆုပ်ကလေးကိုကျစ်နေအောင်ဆုပ်ထားလိုက်လေသည်။

"ငါ့သားနဲ့မတန်ဘူးပြောရအောင် ရှင့်သမီးကရောဘာမို့လို့လဲ။ အောင်မလေး...ကြီးကျယ်နေလိုက်တာ"

ဝေဟင့်အမေက မကျေနပ်၍ဝင်ပြောသည်။ မနေ့ထဲကအိမ်ကိုလာပြီး သောင်းကျန်းနေသည်ကိုမကျေနပ်။ကိုယ့်သားကိုလည်း မိန်းမခိုးပြေးမည်မထင်ထားပေ။ သို့သော်ဟိုဘက်မိန်းကလေးကလည်းပျောက်၊ကိုယ့်သားကလည်းအိမ်မှာမရှိသည်မို့ သေချာသွားလေသည်။ မနေ့ကညကြီးမိုးချုပ်မှ ခန့်ဘုန်းမေ၏အမေကအိမ်ပြန်သွားချင်းပင်။အမျိုးသားတစ်ယောက်လည်းပါလာပေမဲ့ ဘယ်သူမှန်းမသိပေ။ အခုမနက်အစောကြီးထပ်ရောက်လာပြီး ကိုယ့်သားနှင့်ထိပ်တိုက်တွေ့ကြလေသည်။ထို့နောက် မတူဘူးမတန်ဘူးတွေပါပြောလာ၍ မခံနိုင်ပေ။

"ငါ့သမီးကို ငါပြန်ခေါ်သွားမယ်...ထ...ခန့်ဘုန်းမေ ပြန်မယ်"

"အောင်မလေး...ခေါ်သွား။ဘယ့သူကမှဆွဲမထားဘူး။ ငါ့သားနဲ့မတူဘူးမတန်ဘူးတဲ့...ရယ်ချင်လိုက်တာ။သူ့သမီးကဘယ်လောက်အဖိုးတန်လို့လည်း။ ယောကျ်ားနောက်လိုက်ပြေးရဲတဲ့မိန်းကလေးမျိုး ငါကလည်းလက်မခံဘူး...ပြန်ခေါ်သွား"

ချိုမိုင်မိုင်Where stories live. Discover now