ချိုမိုင်မိုင် (အပိုင်း၁၃)
"ဟင်...ဘာမှမလုပ်ထားဘူးလား ခန့်ဘုန်းမေ။ဟင်းစားတွေ ဒီအတိုင်းထားတော့အနံ့တွေထွက်ကုန်မှာပေါ့။ဘာတစ်ခုမှလည်းမလုပ်ထားဘူး"
ယောက္ခမအော်သံကြောင့် ခန့်ဘုန်းလန့်သွားလေသည်။ချက်ချင်းမျက်ရည်သုတ်လိုက်၏။ မီးဖိုချောင်ထဲ၌ ငိုနေသည်မှာ မည်မျှပင်ကြာသွားသည်မသိပေ။
"အငယ်ကောင်ရော...ဘယ်သွားလဲ"
"ဟင့်အင်း မသိဘူး"
"ညည်းနဲ့ အတူပြန်တာမဟုတ်ဘူးလား"
"သူအရင် ကြိုပြန်သွားတာ"
"နေပါဦး...စျေးထဲမှာထဲက ညည်းမျက်နှာဘာဖြစ်နေတာလဲ။အခုလည်းငိုထားတာလား"
ခန့်ဘုန်းက ပြန်မဖြေဘဲ မျက်ရည်ကိုအထပ်ထပ်သုပ်ပြစ်နေ၏။ ဒေါ်နွဲ့ရီ မျက်စောင်းတစ်ချက်ထိုးကာ....
"အားနေ ငိုမနေနဲ့။အိမ်လဘ်ပိတ်တယ်"
"ဟုတ်"
"သွား...ဟင်းစားတွေသွားဆေး။ "
ခန့်ဘုန်းမှာ ဟင်းစားထုတ်တွေ ယူပြီးသွားဆေးသည့်အခါ အရင်နေ့များလို အသားဟင်းမဟုတ်။ပုစွန်ဟင်းစားဖြစ်နေ၍ မလုပ်တတ်ပေ။ရေဆေးပြီး ဒီအတိုင်းပြန်ယူလာခဲ့လိုက်၏။
"အမေ့...သမီးမဆေးတတ်ဘူး"
ပုစွန်ပန်းကန်းကို လှမ်းပေးပြီး ပြောလိုက်သည့်အခါ ခန့်ဘုန်းကိုတစ်ချက်ကြည့်ကာ သက်ပြင်းချလေသည်။
"ဒီနားလာထိုင်...သေချာကြည့်ထား"
"ဟုတ်"
ဒေါ်နွဲ့ရီက ပုစွန်ကို အခွံချွတ်၊ခေါင်းခွာ လုပ်ပြသည်။အမြှီးဖြုတ်သည့်အခါ ဘယ်လိုဖြုတ်ရသည်ကို သေချာပြောပြနေလေသည်။
"အငယ်ကောင်က ပုစွန်သိပ်ကြိုက်တာ"
"သမီးလည်း ကြိုက်တယ်"
ဒေါ်နွဲ့ရီက ပြုံးသည်။ချွေးမဖြစ်သူကို အနားခေါ်ထားပြီး သိချင်တာကိုလည်းမေး၏။
"ညည်းအိမ်မှာ ဘာမှမလုပ်ရဘူးလား"
"ဟင့်အင်း မေမေကမခိုင်းဘူး"
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘