part 39

11.8K 262 1
                                    

ချိုမိုင်မိုင် (အပိုင်း ၃၉)

ခန့်ဘုန်း၏ လက်တွေကို သူ့ပါးပေါ်တင်ပြီး ထပ်ရိုက်ခိုင်းနေသည့် ဝေဟင့်ကို ခန့်ဘုန်းဒေါသတကြီးတွန်းထုတ်လိုက်၏။ သူ့ကားပေါ်၌သု့စိတ်ကြိုက်မင်းမူနေချင်းကို ခန့်ဘုန်းဒေါသထွက်မိလေသည်။အရင်လို လူကောင်သေးသည့်ခန့်ဘုန်းဟာ သူ့အတွက်အရုပ်ကလေးတစ်ရုပ်သာလောက်ဖြစ်လေသည်။

"ပိစိ...ငါ အချိန်တွေ အကြာကြီးစောင့်ပြီးပြီ။ ငါ့ကိုထပ်မစောင့်ခိုင်းပါနဲ့တော့ဟာ"

လေသံပြော့ပြော့နှင့် ခန့်ဘုန်း၏လက်တွေကိုပါးပေါ်တင် ပွတ်သပ်ရင်း ပြောသည့်အခါ ခန့်ဘုန်းမျက်မှောင်ကျုံ့ပြီး တစ်ဖက်ကိုလွှဲလိုက်၏။

"ငါနင့်ကို မစောင့်ခိုင်းဘူး။ နင့်ဘဝကို နင့်စိတ်ကြိုက်နေသလို ငါ့ဘဝကိုလည်း ငါ့စိတ်ကြိုက်နေမယ်။ အေး...အဲ့လိုငါ့စိတ်ကြိုက်ရွေးချယ်လိုက်တဲ့ဘဝက အိမ်ထောင်သည်ဘဝမဟုတ်တော့တာသေချာတယ်။"

"ပိစိ...."

"ငါနင့်ကို စိတ်ဆိုးပြီးပြောတာမဟုတ်ဘူး။ အခုလည်းဒီစကားပဲ နောက်လည်းဒီစကားပဲ"

"အဲ့လိုမလုပ်ပါနဲ့ ပိစိရာ။ ငါမှားခဲ့တာတွေကို တောင်းပန်ပါတယ်"

"မတောင်းပန်နဲ့။ နင့်အမှားမရှိဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုဖို့ရွေးချယ်ခဲ့တဲ့ ငါတို့အမှားပဲ။ အခု လွတ်လွတ်လပ်လပ်နေနေရတဲ့ဘဝကိုငါသဘောကျနေပြီ။နင်နဲ့ပြန်မပေါင်းချင်တော့ဘူး"

"ငါတို့မှာ သမီးရှိသေးတယ်လေပိစိ"

ခန့်ဘုန်းက နူတ်ခမ်းတွေ မဲ့ကျသွားသည်ထိကွေးလိုက်ပြီး သူ့ကိုဒေါသတကြီးကြည့်လေသည်။

"သမီးဟုတ်လား။ ဘယ်မှာလဲသမီး။"

"ပိစိ"

"အခုမှ သမီးဆိုတဲ့စကားကို နင့်ပါးစပ်ကနေပြောနေတာ။ ငါကလေးမွေးတော့နင်ရှိလား။မီးထွက်တော့ရောနင်ရှိလား။ ဧည့်သည်တွေ့သလိုခဏလေးလာတွေ့ပြီး ထပြန်။ကလေးသုံးလသားလေးနဲ့ထားခဲ့ပြီးမှ ဘာငါတို့သမီးလဲ။ အခုသမီးဆိုတဲ့ဟာက ငါတို့သမီးမဟုတ်ဘဲအမေ့သမီးဖြစ်နေတာနင်သိလား။အဲ့ဒါတွေနင့်ကြောင့်။ နင်တစ်ကိုယ်ကောင်းဆန်လို့ဖြစ်ရတာ။ အခုကိုယ်မွေးထားတဲ့သမီးက ကိုယ့်ကိုမမတဲ့ခေါ်နေတာနင်သိလား"

ချိုမိုင်မိုင်Where stories live. Discover now