ချိုမိုင်မိုင် (အပိုင်း ၃၃)
မနက်စောစောအိပ်ရာက နိုးသည်နှင့် လုပ်ရမည့်အရာမှာခန့်ဘုန်း ထမင်းချိုင့်ထည့်ဖို့ဖြစ်သည်။ အိပ်ပျော်နေသည့်ဝေဟင့်ကို အသာလှုပ်နှိုး၍ စျေးသွားဖို့ပိုက်ဆံတောင်းရလေသည်။
"ဝေဟင်....ဝေဟင်"
"အင်း...."
"ထဦး...ငါ့ကို ပိုက်ဆံပေးဦး။ စျေးသွားမလို့"
"အင်း..."
အင်းဟုသာ ဖြေပေမဲ့ မျက်လုံးကမပွင့်ပေ။
"ဝေဟင်...ထဟာ...ပိုက်ဆံပေးလို့။ စျေးသွားရဦးမယ်။"
"အိပ်ချင်ပါတယ်ဆို ပိစိရာ"
"နင်တစ်နေကုန်ပြန်အိပ်လို့ရတယ်။ ပိုက်ဆံအရင်ပေး။ ငါစျေးသွားပြီး ချက်ပြုတ်ရဦးမယ်။ ကျောင်းလည်းသွားရဦးမယ်"
"ပိုက်ဆံအိတ်ထဲမှာ ယူသွား"
"ပိုက်ဆံအိတ်က ဘယ်မှာလဲ"
"ဘောင်းဘီအိတ်ထဲမှာ "
ခန့်ဘုန်း သူ့ဘောင်းဘီအိတ်ကို စမ်းပေမဲ့ မတွေ့ပေ။ သူ့တစ်ကိုယ်လုံးရှာတာတောင်မတွေ့၍ ခန့်ဘုန်းစိတ်တိုလာလေသည်။
"နင့်ဘာသာ ထရှာပေးဟာ။ မတွေ့ဘူး။ အချိန်တွေကြာတယ်"
"ကျစ်...ကောင်းကောင်းကိုမအိပ်ရဘူး"
သူက စိတ်ပျက်သလို ထပြီးဘောင်းဘီအိတ်ကိုစမ်းပေမဲ့မတွေ့ပေ။ထို့နောက် ပြူးပြူးပြာပြာနှင့် မနေ့ကသူပြန်လာတုန်းက လွယ်လာသည့်အိတ်တွေကိုလည်းရှာ၏။ထို့နောက်တက်ဆီစီးပြီးပြန်လာသည်ကို ပြန်တွေးပြန်စဥ်းစားရင်း....
"ဟာ...သွားပြီ"
သူ့ အာမေဋိတ်သံကြောင့် ခန့်ဘုန်းပါပြူးပြားပြာပြာဖြစ်သွားလေသည်။ ဝေဟင့်ပုံစံကတစ်ခုခုပျောက်မှန်းသိသာလွန်းနေ၏။
"ဘာလဲ...ပိုက်ဆံအိတ်ပျောက်တာလား"
သူကခေါင်းညိတ်ပြီး လက်ဖဝါးဖြင့်မျက်နှာကိုပွတ်သပ်ကာ ခုတင်မှာပြန်ထိုင်လိုက်လေသည်။
"နင်ကိုယ့်ပိုက်ဆံအိတ်တောင် ကိုယ်သေချာမသိမ်းနိုင်ဘူးလား။အခုပျောက်ပြီ ဘယ်လိုလုပ်မလဲ။"
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘