ချိုမိုင်မိုင် (အပိုင်း ၃၅)
လိုက်မလာသည့် ဝေဟင့်ကို စိတ်ဆိုးဒေါသထွက််ရင်း ခန့်ဘုန်းတော်တော်နှင့်အိပ်မပျော်ခဲ့ပေ။ တစ်ညလုံးတနုတ်နုတ်ဖြင့်ဒေါသထွက်နေလေသည်။ နောက်တစ်နေ့၌ကျောင်းတက်သော်လည်း တိုက်ခန်းကိုမပြန်ပေ။ မေမေ့အိမ်ကိုသာပြန်၏။တစ်ပတ်ကျော်ကြာသည်ထိလိုက်မလာသည့် ဝေဟင့်ကို အံ့သြလို့မဆုံးပေ။
ခန့်ဘုန်းဘက်ကမှ ဖုန်းစမဆက်လျှင် တစ်ချက်မှမဆက်သည့်ဝေဟင့်ကိုဒေါသထွက်လေသည်။ နေနိုင်လွန်းသည့်သူ့ကို မဆက်သွယ်ဘဲနေနေလိုက်၏။ဒီကြားထဲမေမေကနေမကောင်း တအားဖြစ်၍ဆေးရုံတင်ရလေသည်။ ထိုအချိန်ကြမှ မေမေ့ကျန်းမာရေးအကြောင်းကိုအစအဆုံးသိရလေသည်။
သားအိမ်ခေါင်းကင်ဆာဖြစ်သည်။ ဘယ်အချိန်ကစဖြစ်မှန်းမသိသော်လည်း ခန့်ဘုန်းသိရသည့်အချိန်မှာအတော်လေးလွန်လေသည်။ ဆေးရုံတက်နေရသည့်မေမေ့ကိုသနားလွန်း၍ ခန့်ဘုန်းငိုမိလေသည်။မေမေဒီလိုနေမကောင်းဖြစ်လာတာတွေဟာ ခန့်ဘုန်းအပြစ်မကင်းတာတွေကြောင့်လည်းပါလေသည်။
မေမေဆေးရုံတက်နေသည့်အချိန် ခန့်ဘုန်းကျောင်းကိုလုံးဝမသွားတော့ပေ။ခန့်ဘုန်းကျောင်းပျက်မျာတွေ၊စာမေးပွဲကျမှာတွေကိုလည်းစိတ်ထဲ၌မရှိတော့ပေ။ မေမေ့အနားမှာသာနေပေးဖို့တွေးလိုက်၏။ ကျောင်းစာကိုလည်းစိတ်မဝင်စားသလို ဘာကို
မှလည်းစိတ်နှစ်လို့မရပေ။ဆေးရုံပေါ်မှာ နောက်ဆုံးအချိန်ကိုစောင့်နေရသလိုကြည့်နေရသည့်မေမေ့အဖြစ်ကိုခန့်ဘုန်းမကြည့်ရက်နိုင်ပေ။ မန္တလေးကအန်တီလေးကို ဖုန်းဆက်ပြီးလှမ်းခေါ်ထားရသည်။အဖွားနှင့်ခန့်ဘုန်းတစ်ယောက်တစ်လှည့်ကြည့်ရင်း အန်တီလေးအလာကိုစောင့်နေမိသည်။
"မောင်ဝေဟင်ရော ဖုန်းဆက်ကြည့်ပါလားကွယ်"
အဖွားက အန်တီလေးမရောက်ခင် ဝေဟင့်ကို ဖုန်းဆက်ခိုင်းလေသည်။ ခန့်ဘုန်းခါလိုက်၏။
"မဆက်တော့ဘူးဖွား။ သူ့မှာအသိစိတ်ရှိရင် သူရောက်လာလိမ့်မယ်"
ခန့်ဘုန်းသူ့ဆီကိုဖုန်းမဆက်တော့ဖို့ဆုံးဖြတ်ထားသည်မို့ဘယ်သူဆက်ခိုင်းခိုင်း မဆက်တော့ပေ။
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘