part 7

9.1K 208 0
                                    

ချိုမိုင်မိုင် (အပိုင်း ၇)

နွေရာသီကျောင်းပိတ်ရက်များ၌ ခန့်ဘုန်းမှာ ဝေဟင်နှင့်တစ်ပတ်တစ်ခါ ချိန်းတွေ့ရင်း ကြည်နူးလို့ပင်မဆုံးသေးပေ။ သို့သော် ဆယ်တန်းတက်ဖို့အတွက် နွေရာသီမှာပင် မေမေကကျူရှင်ကြိုထားပေးခြင်းကြောင့် ခန့်ဘုန်း၏လွတ်လပ်ခွင့်များ ခဏလေးတွင်း ချုပ်ငြိမ်းသွားရလေသည်။

ဝေဟင်နှင့် နောက်ဆုံးချိန်းတွေ့သည့် အခါ ကျူရှင်တက်ရတော့မည့်အကြောင်း ပြောပြလိုက်၏။ သိပ်မကြာခင် ဝေဟင်လည်းဘော်​ဒါဆောင်ကိုပြန်ရမည့်အကြောင်း ပြောပြလေသည်။ နွေရာသီ၏လွတ်လပ်ခွင့်များသည် သူတို့နှစ်ယောက်အတွက် ခဏလေးနှင့် ကုန်ဆုံးခဲ့လေသည်​။

"ပထမဆုံး ကျောင်းစတက်တဲ့ ရက်ကို ငါလာခဲ့မယ်။ ကျောင်းရှေ့ရောက်ရင် ဘယ်ဘက်အခြမ်းကိုမသိမသာကြည့်နော် ပိစိ"

သူက သေသေချာချာမှာသွားခဲ့သည်မို့ ခန့်ဘုန်း မမေ့မလျော့ မှတ်ထားလေသည်။ ဆယ်တန်းတက်သည့် ပထမဆုံးရက်၌ ခန့်ဘုန်းမှာ သူမှာထားသည့်အတိုင်း ကြည့်လေသည်။ ​တဖြောက်ဖြောက်ကျနေသည့် မိုးရေစက်တို့အောက်မှာ ထီးမဆောင်းဘဲသူက မတ်တပ်ရပ်နေလေသည်။ ခန့်ဘုန်းမှာ မေမေ့လက်ကို တစ်ဖက်ဆွဲပြီး သူ့ကိ​ုမသိမသာခိုးကြည့်ရသည်။သူက မျက်လုံးမှိတ်ပြသည့်အခါ ခန့်ဘုန်းမှာ ရယ်မိလေသည်။ လူတေ​ွရှုပ်ရှပ်ခက်နေသည်မို့ မေမေကတော့ ဝေဟင့်ကိုမမြင်ပေ။

မြင်ချင်နေသည့် မျက်နှာလေးကို မြင်လိုက်ရ၍ခန့်ဘုန်းကတော့ ပျော်နေခဲ့သည်။ နောက်နေ့၌ သူ့ဆီကိုစာရေးသည်။သူ့ဆီကပြန်စာကိုမျှော်သည်။ ခန့်ဘုန်းအတွက် ငြိမ်းသွယ်မှာ စာပို့စာယူဖြစ်ပေးခဲ့လေသည်။

"ခန့်ဘုန်း...နောက်ခါ နင့်ဘာသာသွားယူတော့။ ဟိုအကောင်တွေနဲ့ ငါစကားကိုမပြောချင်တော့ဘူး"

ငြိမ်းသွယ်၏စကားကြောင့် ခန့်ဘုန်း မျက်လုံးပြူးသွားရလေသည်။

"ဘာ...ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမလဲ ဝေဟင့်သူငယ်ချင်း စိုးမင်းပိုင်လေ။ လူကို မာန်လားဟောက်လားနဲ့။ ငါ့ကိုများ ကျောင်းတွင်းစီးပွားရေးသမားလေး ဘာလေးနဲ့။ အဲ့ကောင်ကို ကြည့်လို့ကို မရဘူး။"

ချိုမိုင်မိုင်Where stories live. Discover now