ချိုမိုင်မိုင် (အပိုင်း ၁၈)
ခန့်ဘုန်းတို့သုံးယောက်မှာ လက်ဆွဲခြင်းလေး ဆွဲကာစျေးထဲပတ်ကြသည်။ ဝယ်သမျှကို ရှင်းပေးဖို့အတွက် လေဟင်ကနောက်မှာ ပါလာလေသည်။ ခန့်ဘုန်းက တစ်ဆိုင်ဝင်တိုင်း တစ်ခါသူ့ဘက်လှည့်ပြီးမေးရသည်ကလည်း အမောပင်။
"ကိုကို...ဝယ်ပြီနော်"
"ကိုကို ရှင်းပေးပါဦး"
"ကိုကိုရေ...."
လေဟင်ကလည်း ကြည်ကြည်ဖြူဖြူလိုက်ရှင်းပေးပါသည်။ သို့သော် တစ်စုံတစ်ယောက်သော စကားတစ်ခွန်းကြောင့် စိတ်ဆိုးသွားလေသည်။
"ခန့်ဘုန်း... အခုဝယ်တာတွေအကုန်လုံးကို ငါစျေးမှတ်ထားတယ်နော်"
"ဟမ်...ဘာဖြစ်လို့လဲ စုရှင်း"
"ပြီးရင် ခွဲတမ်းကြတစ်ယောက်ကို ဘယ်လောက်ပြန်ဆိုက်ရမလဲသိရအောင်လို့။"
"စိုက်စရာမလိုပါဘူးနော်...အကုန်လုံး ကိုကိုကအကုန်ကျခံမှာ"
"ဟင်...ပြောတော့ မုန့်စုစားမှာဆို။"
"အေးလေ.. '
"သူများကျွေးတာ ငါအလကားမစားချင်ဘူးနော် ခန့်ဘုန်း"
"သူများမှ မဟုတ်တာ။ ငါ့ကိုကိုပါဟ။"
"ငါအလကားမစားချင်ဘူး။ နင့်မုန့်ဆိုရင်တောင် ငါအားမနာဘဲစားဦးမှာ။ သူစိမ်းက လိုက်ရှင်းပေးနေတာ ငါဘဝင်မကျဘူး"
စုရှင်းခိုင်က စျေးဝယ်ရင်း ထပြောလိုက်သည့်စကားကြောင့် လေဟင်စိတ်ဆိုးသွားသည်။ ခန့်ဘုန်းဘာမှမပြောရသေးခင် လွတ်ခနဲထွက်သွားလေသည်။
"ဘဝင်မကျရင် ကလေးမက ဘာလုပ်ပေးချင်လို့လဲ"
"ညီမ ပိုက်ဆံစိုက်မယ်"
"စိုက်ပေါ့...အခုဘာဝယ်မှာလဲ။ ဝယ်မယ့်ဟာ သူ့ကိုရှင်းခိုင်းလိုက်"
"ဟင်...."
ခန့်ဘုန်းတို့သူငယ်ချင်း သုံးယောက်လုံး ဘာပြောရမှန်းမသိဖြစ်သွား၏။ အခုဝယ်မည်မှာ ဝက်သားတုတ်ထိုးလုပ်ဖို့အတွက် ဝက်သားဝယ်မည်မို့စျေးကြီးလေသည်။စုရှင်းခိုင်တစ်ယောက်ထဲ ရှင်းဖို့ဆိုသည်မှာမဖြစ်နိုင်ပေ။
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘