part 45

15.2K 279 7
                                    

ချိုမိုင်မိုင် (အပိုင်း ၄၅)

အသဲတုံးနှင့် တစ်ခန်းအိပ်ရ၍ ခန့်ဘုန်းမှာ ပျော်နေလေသည်။ အသဲတုံးအတွက် အိပ်ရာပြင်ပေးသည့်အခါ အသဲတုံးက အားနာသလိုကြည့်နေလေသည်။

"မမ အေးအေးဆေးဆေးနေပါ။ အကုန်လုံးလိုက်လုပ်ပေးနေတော့ သဲသဲနေရခက်တယ်"

အသဲတုံးက နေရခက်တယ်ဆိုမှ ခန့်ဘုန်းမှာ ငြိမ်ငြိမ်လေးနေမိသည်။ အသဲတုံးရေချိုးသည့်အချိန် အပြင်ကနေတဘက်ကလေးယူပေးမိလျှင်ပင် အသဲတုံးကနူတ်ခမ်းလေးစူလေသည်။

"မမကလည်း သဲသဲက ကလေးမဟုတ်ဘူးနော်။အကုန်လုံးလိုက်လုပ်ပေးနေတော့တာပဲ"

"တစ်ခါတလေလေးတွေ့ရတာဆိုတော့ လုပ်ပေးချင်လို့ပါသဲသဲရယ်"

"နောက်ဆို ခဏခဏလာလည်မှာမို့လို့ တစ်ခါထဲအကုန်မလုပ်ပေးပါနဲ့။ဖြည်းဖြည်းပေါ့"

"သဲသဲက တကယ်ခဏခဏလာမှာလား"

"အွန်း...ခရီးထွက်ရတာ ကြိုက်တယ်။ အဲ့တော့ ရန်ကုန် မန္တလေး ခဏခဏလာလည်မယ်"

ခန့်ဘုန်းမှာ သွားလေးတွေပေါ်သည်ထိ ပြုံးရယ်မိလေသည်။ နောက်ဆို မန္တလေးအိမ်မှာ အသဲတုံးအတွက်တစ်ခန်းပြင်ပေးထားဖို့ တွေးလိုက်မိသည်။

"သဲသဲသာ ခဏခဏလာလည်မယ်ဆို မမတော့သိပ်ဝမ်းသာတာပဲ။"

"ဘာလို့လဲ"

"ဒီအတိုင်း သဲသဲကိုပြုစုချင်လို့လေ"

"သဲသဲ ကလေးမဟုတ်ဘူး"

ကလေးမဟုတ်ဘူးဆိုသည့်အကြောင်း ခဏခဏပြောလွန်းသည့်အသဲတုံးကို ခန့်ဘုန်းမှာ ကလေးလေးလိုပဲမြင်လေသည်။ ဆံပင်ရှည်ရှည်လေးတွေနှင့် လူကြီးဂိုက်ဖမ်းထားပုံမှာ စုရှင်းငယ်ငယ်ကပုံစံလေးနှင့်ပင်ဆင်လေသည်။ လူကြီးပုံစံကလေးဖြစ်နေသည့် အသဲတုံးကိုလူကြီးဖြစ်ပြီလား သိချင်မိ၏။

"သဲသဲ...."

"ဟင်..."

"ရာသီတွေ ဘာတွေ ဖြစ်ပြီလား"

ခန့်ဘုန်းမေးတော့ အသဲတုံးက အေးအေးဆေးဆေးပင် ခေါင်းညိတ်ပြလေသည်။ ခုနှစ်တန်းအရွယ်ဆိုတော့ အပျိုဖြစ်စောသည်ဟုခန့်ဘုန်းတွေးမိသည်။ အခုမှ ဆယ်နှစ်ကျော် ဆယ့်သုံးနှစ်ဝန်းကျင်လေးမို့စိုးရိမ်မိလေသည်။

ချိုမိုင်မိုင်Where stories live. Discover now