ချိုမိုင်မိုင် (အပိုင်း ၄၆)ဇာတ်သိမ်းပိုင်း
ပြင်ဦးလွင်မှ အပြန်ခရီးသည် အားလုံးအတွက် ကြည်နူးခြင်းတွေနှင့် ပြည့်နေခဲ့လေသည်။ခေါင်းခန်းမှာထိုင်နေသည့် ခန့်ဘုန်းနှင့်ဝေဟင့်ကို အသဲတုံးကနောက်ကနေကြည့်ပြီး ဗွီဒီယိုရိုက်ထားပေးလေသည်။ခန့်ဘုန်းကလှည့်ကြည့်ရင်း မြင်သည့်အခါမျက်နှာကလေးနီရဲကာ....
"မရိုက်ပါနဲ့ သဲသဲရယ်။ ရှက်စရာကြီး"
"ဘာရှက်စရာလဲ။ သဲသဲကအမှတ်တရအနေနဲ့ရိုက်ပေးထားတာကို"
နူတ်ခမ်းလေးစူပြီး ပြောလျှင် ခန့်ဘုန်းမှာ အသဲတုံး၏ရွှေစိတ်တော်ညိုးမှာစိုးရလေသည်။
"သဲသဲ သဘောပါလေ"
"သဲသဲ...."
"ဟင်"
ဝေဟင်က ခေါ်သည့်အခါ အသဲတုံးကဗွီဒီယိုလေးရိုက်ထားရင်း ပြန်ထူးလေသည်။
"ကိုကိုငယ်နဲ့ မမကို အသဲတုံးသဘောတူလား"
ဝေဟင့်စကားကြောင့် ခန့်ဘုန်းမှာ မျက်နှာပူသွားဘေသည်။ကားမောင်းနေသည့်သူ့ကို ဖြတ်ခနဲရိုက်လိုက်၏။
"ကလေးကို ဘာတွေသွားမေးနေတာလဲ"
"သဲသဲကို မေးချင်လို့ပါပိစိရဲ့။ ကဲ....ဘယ်လိုလဲ သဲသဲသဘောတူလား"
"ကိုကိုငယ်တို့လင်မယားကို သဲသဲကသဘောတူတာ မတူတာလုပ်လို့ရလို့လား"
"မရဘူး...ဒါပေမဲ့ သဲသဲက ကိုကိုငယ်တို့ပြန်ပေါင်းတာကို သဘောတူပေးရမယ်"
"တူပါတယ်....ပေါင်းပေါ့"
"ကျန်တဲ့လူတွေ အားလုံးကို သက်သေထားပြီး ကိုကိုငယ်မေးမယ်နော်။"
"ဘာကိုလဲဟင်"
"သဲသဲ ကိုကိုငယ်တို့လင်မယားကို စိတ်ဆိုးလား။မကျေနပ်တာရှိလား"
"ဘာကိုမေးတာလဲ"
အသဲတုံးက ဖုန်းကိုကိုင်ထားပြီး ရိုက်ထားဆဲဖြစ်ကာ ပြန်မေးလေသည်။
"သဲသဲကို ကိုကိုငယ်တို့လင်မယားက ဂရုမစိုက်ခဲ့ဖူးလေ။နောက်ပြီး စောင့်လည်းမစောင့်ရှောက်ခဲ့ဘူး။ သဲသဲအပေါ်မှာ တာဝန်မကျေခဲ့ကြဘူးလေ"
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘