part 27

7.1K 184 1
                                    

ချိုမိုင်မိုင် (အပိုင်း ၂၇)

မွေးနေ့ပွဲမှာ ပျော်နေကြသည့် ခန့်ဘုန်းတို့၏ ပုံများကိုကြည့်၍ ဝေဟင်သည် ပြုံးလေသည်။ ထို့နောက် အသဲတုံး၏ပုံများကို ဖုန်းထဲ၌သိမ်းယူထားလေသည်။ သူ့ဘေး၌ရှိနေသည့် စိုးမင်းပိုင်မှာ သူ့ကို သက်ပြင်းချပြီး ကြည့်နေလေသည်။ 

"ဝေကြီး...."

"ဘာလဲ..."

"အသဲတုံးရဲ့ မွေးနေ့ကို မင်းမသွားတာတော့ လွန်တယ်ကွာ"

"ငါတမင် မသွားတာမှမဟုတ်တာ။ အခုငါ့ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေမင်းမတွေ့ဘူးလား"

သူ့ကိုကြည့်ပြီး စိုးမင်းပိုင် သက်ပြင်းချလိုက်မိပြန်သည်။ ဝေဟင့်ဘေးမှာ အနီးကပ်ရှိနေသည့်လူမှာ သူတစ်ယောက်သာရှိလေသည်။ ဝေဟင်လုပ်သမျှကို ဘေးကနေကြည့်နေရသည်မှာ စိတ်ထဲဘဝင်မကျဖြစ်မိသလို ဝင်ပြော၍လည်း မရပေ။ 

"ဒါပေမဲ့ အကျိုးအကြောင်းကို မင်းရဲ့မိသားစုကို ပြောပြသင့်တယ်။တကယ်ဆိုရင် ခန့်ဘုန်းကိုပိုပြီးပြောပြသင့်တယ်"

"မင်းမသိပါဘူး။ ခန့်ဘုန်းမေအကြောင်း ငါပဲသိတယ်။သူ့ကို ဘာမှပြောပြလို့မရဘူး။"

"ပြောမရလည်း သေချာပြောပြရမှာ မင်းအလုပ်ပဲလေဝေကြီးရာ"

"ငါ့အလုပ်ကိစ္စတွေကို ငါပဲနားလည်တယ်။ငါအောင်မြင်တဲ့တစ်နေ့ကြမှ သူ့ကိုအနားခေါ်ထားမယ်။"

"အခုလည်း မင်းအောင်မြင်နေတာပဲ"

"ဒါက အစပဲရှိသေးတယ်။ အခုချိန် ငါ့မှာအိမ်ထောင်ရှိတာတွေ၊ကလေးရှိတာတွေကို ဘယ်သူ့ကိုမှထုတ်မပြောချင်သေးဘူး။"

ဝေဟင်အလုပ်ကြိုးစားတာကို နားလည်သော်လည်း တလွဲဖြစ်နေသည့် ခံယူချက်ကို သူနားမလည်နိုင်ပေ။ အိမ်မပြန်ဖြစ်သည့်တစ်နှစ်ကျော်ကာလမှာ ဝေဟင်အများကြီးပြောင်းလဒနေခဲ့လေသည်။ 

ငြိမ်းသွယ်ဆီကို မကြာခဏသွားဖြစ်နေသည့် စိုးမင်းပိုင်မှာ ခန့်ဘုန်းကိုလည်းမကြာခဏတွေ့ဖြစ်၏။ခန့်ဘုန်းမှာ သူ့ကိုအမြင်မကြည်ပေ။ဝေဟင့်ဘေးမှာ အမြဲတမ်းရှိပြီး ဝေဟင့်ကိုမထိန်းသည့် လူတစ်ယောက်အဖြစ်အမြင်စောင်းနေမှာသေချာလေသည်။ 

ချိုမိုင်မိုင်Where stories live. Discover now