ချိုမိုင်မိုင် (အပိုင်း ၁၄)
"ခန့်ဘုန်းမေ....ဝေဟင်....ခန့်ဘုန်းမေ....ဝေဟင်.....အောင်မလေး မောလိုက်တာ။"
ကုက္ကိုဝိုင်းတွေနားကို လှမ်းကြည့်သည့်အခါ စက်ဘီးရပ်ထားသည်ကိုမြင်၍ ဒေါ်နွဲ့ရီလှမ်းအော်ခေါ်ရပြန်သည်။ တစ်ရပ်ကွက်လုံးပတ်ရှာပြီးတာတောင် မတွေ့ရ၍လယ်ကွင်းဘက်ထိလိုက်ရှာခြင်းပင်။
"ဝေဟင်...အငယ်ကောင်...ခန့်ဘုန်းမေ"
"ဒေါ်ကြီးရေ...ကြီးဝေဟင်နဲ့မမပိစိ အိတ်ပျော်နေတယ်"
ကလေးတွေက အိပ်ပျော်နေသည့် ခန့်ဘုန်းနှင့်ဝေဟင်ကိုငုံ့ကြည့်ပြီး ဒေါ်နွဲ့ရီကိုလှမ်းအော်လေသည်။
"ဒီကလေးတွေနဲ့...တယ်လည်းခက်တယ်နော်...ငါ့နှယ်"
ဒေါ်နွဲ့ရီမှာ ကုက္ကိုဝိုင်းအောက်က ကောက်ရိုးပုံတွင်အိပ်ပျော်နေသည့်ဝေဟင်တို့ဆီ ရောက်လာလေသည်။ချွေးမနှင့် သားဖက်ပြီးအိပ်ပျော်နေသည်ကိုကြည့်၍ ရင်ဘက်ထုမိလေသည်။ ကလေးတွေအနေနီးမှာစိုး၍ တစ်ခန်းစီခွဲသိပ်ခါမှ အပြင်ကကောက်ရိုးပုံမှာအတူလာအိပ်နေလေသည်။နေ့လယ်ခင်းထဲကပျောက်သွားတာ ညနေစောင်းထိပေါ်မလာ၍ လိုက်ရှာရာအခုမှတွေ့လေသည်။
"ဟဲ့...ထကြစမ်း...ထကြစမ်း...တစ်ရပ်ကွက်လုံးဝိုင်းကြည့်နေကြပြီ။ ထကြစမ်း"
"အ....ဟင်...အမေ့"
ဝေဟင်ရော ခန့်ဘုန်းပါ နိုးလာကာထထိုင်ကြလေသည်။
"နင်တို့တွေကတော့နော်...ငါမပြောလိုက်ချင်ဘူး။ထ...ပြန်မယ်"
"ဟုတ်..."
သူတို့မှာဝိုင်းကြည့်နေကြသည့် ကလေးနှင့်လူကြီးတွေကြားထဲကနေ ထွက်လာခဲ့လိုက်ရသည်။စက်ဘီးကိုတွန်း၍ လမ်းမပေါ်ရောက်သည့်အခါဝေဟင်ကတစ်ယောက်ထဲ အမြန်နင်းသွားလေသည်။ခန့်ဘုန်းမှာ အမေ့ကိုကြောက်ကြောက်နှင့်အတူပြန်ခဲ့ရလေသည်။
"ညည်းလည်းနော်...မပြောလိုက်ချင်ဘူး။ အငယ်ကောင်နဲ့မတည့်ဘူး၊မတည့်ဘူးနဲ့...တကယ်ထဲမပြောလိုက်ချင်ဘူး"
"အမေ့သားက ခေါ်လာလို့ပါအမေကလည်း"
"ညည်းကလည်း မလိုက်ချင်ရှာဘူးလေ။တစ်ကဲထဲ လူမြင်မကောင်းဘူး။ ညည်းကြပ်ကြပ်သတိထား။အနေအထိုင်ဆင်ခြင်။ အငယ်ကောင်ဘာလုပ်လိုက်သေးလဲ"
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘