part 34

10.2K 218 0
                                    

ချိုမိုင်မိုင် (အပိုင်း ၃၄)

ကျောင်းဆင်းသည့်အခါ မနေ့ပြောထားသည့်အတိုင်း ခန့်ဘုန်းမေမေ့အိမ်ကို သွားလိုက်၏။ နောက်နေ့အတွက်အဝတ်အစားပါအပိုထည့်လာခဲ့လိုက်သည်။မေမေ့အိမ်မှာ ညအိပ်မည်မို့ နှစ်စုံလောက်ပိုထည့်လာခဲ့၏။ 

အိမ်ရောက်တော့ အဖွားကတံခါးထဖွင့်ပေးသည်။

"မြေးရယ်...ဒီနေ့လာဖြစ်တာကို ညတုန်းကဖုန်းဆက်တော့ဘာလို့မပြောတာလဲ"

ခန့်ဘုန်း အဖွားမေးတာကို မဖြေသေးဘဲ အိမ်ထဲလိုက်လာခဲ့သည်။ အိမ်ထဲရောက်တော့ အမေနှင့်အသဲတုံးကိုတွေ့လိုက်ရ၍ ခန့်ဘုန်းအံ့သြသွားလေသည်။ 

"အမေ...."

အမေကလည်း မျက်နှာပျက်ကာ....

"ဘာလာလုပ်တာလဲ"

"မေမေနေမကောင်းဘူးဆိုလို့ လာကြည့်တာ။ အမေရောဘယ်လိုလုပ်ပြီးရောက်နေတာလဲဟင်။"

"သဲသဲက သူ့အဖွားအေကို လွမ်းတယ်ဆိုလို့လာပို့တာ"

"သဲသဲလွမ်းပါဘူးမေ့ကလည်း"

"လွမ်းလိုက်ပါ သဲသဲရယ်"

"ဟုတ်...လွမ်းတယ်"

အမေက လွမ်းလိုက်ဆိုတာနဲ့ အသဲတုံးက ချက်ချင်းလွမ်းသွားလေသည်။ ခန့်ဘုန်းမေမေ့ကိုကြည့်လိုက်တော့ မေမေကမျက်နှာကလေးအတော်ချောင်ကျနေ၏။ မေမေ့ဘေးကလက်ဆွဲခြင်းကိုမြင်သည့်အခါ ခန့်ဘုန်းအမေ့ကိုကြည့်လိုက်မိသည်။ ဒေါ်နွဲ့ရီကမသိချင်ယောင်ဆောင်ပြီး ခပ်တည်တည်ပင်။ 

ခန့်ဘုန်းမေမေ့အိမ်ကိုပြန်သည့်အခါ လက်ဆောင်ဝယ်ထည့်ပေးနေကြခြင်းဖြစ်သည်။အခုလည်း ဟောလစ်ပုလင်းနှင့်အိုဗာတင်းပုလင်းတွေအပြက် သီးမွှေးတစ်ဖီးလည်းပါသေးသည်။အားဆေးဗူးလည်းပါ၏။ အမေဝယ်လာပေးမှန်းသိသာလေသည်။ အမေကဝယ်ပေးရင်ဒါတွေပဲဝယ်ပေးနေကျဖြစ်၏။ ခန့်ဘုန်းမသိသလိုလေးပဲနေကာ မေမေနှင့်သာစကားပြောရသည်။ 

"မေမေသက်သာလား"

"အင်း...သက်သာပါတယ်။ ညည်းရော အဆင်ပြေရဲ့လာခန့်ဘုန်းမေ"

ချိုမိုင်မိုင်Where stories live. Discover now