part 30

7.5K 164 1
                                    

ချိုမိုင်မိုင် (အပိုင်း ၃၀)

"တစ်နေ့တစ်နေ့ ငွေယိုပေါက်က မိုးပြဲဒယ်ထက်ကြီးနေပြီ။ ဒီကျွန် မကြီးကပဲရှာနေရတာ။ဘာတစ်ခုမှကိုစိတ်တိုင်းမကျဘူး"

အိမ်ရှေ့ကနေ အမေ့အသံကြား၍ ခန့်ဘုန်း ကျောင်းသွားခါနီးအိမ်ရှေ့ကနေထွက်ဖို့ ကြောက်၍နောက်ဖေးပေါက်ကနေသာဆင်းခဲ့လိုက်သည်။ 

"မေ့...ဟိုမှာ မီးကျောင်းသွားပြီ"

အိမ်နောက်ကနေပတ်ပြီး အိမ်ရှေ့ဖြတ်သည့်အခါ အသဲတုံးကလက်ညိုးထိုးပြီး လှမ်းအော်လေသည်။အသဲတုံးကို တိုးတိုးဟုလှမ်းလုပ်ပြလိုက်ပေမဲ့ အသဲတုံးကမသိသလိုနှင့်ထပ်အော်လေသည်။

"မေ့...သဲသဲကို ရှူးတဲ့လုပ်ပြနေတယ်"

"ငါက မမြင်ဖူးဆိုတော့ ငါ့သမီးကိုတိုးတိုးလုပ်ပြနေတယ်။ သွားစရာရှိတာ သွားကြ"

"သွားကြ"

အသဲတုံးက အမေ့လေသံအတိုင်း လိုက်ပြောသည့်အခါ ခန့်ဘုန်း နူတ်ခမ်းလေးစူကာထွက်လာခဲ့လိုက်သည်။ အိမ်ထဲကိုပြန်လှမ်းကြည့်တော့ အသဲတုံးကအမေ့ရင်ခွင်ထဲ အသာလေးပြန်ဝင်လေ၍တစ်ခုခုဂျီကျနေပုံရလေသည်။ 

"မေ့...သဲသဲလည်း ကျောင်းသွားချင်တယ်"

"အမေ့သမီးက ငယ်ပါသေးတယ်။ ကြီးလာတော့တက်"

"သဲသဲကို ကျောင်းထားပေးဘူးလားဟင်"

"အောင်မလေး...အမေ့သမီးကို အမေကထားပေးမှာ။ အမေ့သမီးတက်ချင်တဲ့ကျောင်းကိုပြော။"

"တကယ်ပြောတာနော်"

"တကယ်ပေါ့ သဲသဲရဲ့။ အမေ့သမီးကိုအမေကအချစ်ဆုံး"

"သဲသဲလည်း မေ့ကိုချစ်ဆုံး"

ဘေးကနေကြည့်နေသည့် ဦးတင့်မှာသဘောကျလျက်ရယ်လေသည်။ 

"အဖေ့ကိုရော မချစ်ဘူးလား"

"အွန်း...ချစ်တော့ ချစ်တာပေါ့"

နူတ်ခမ်းလေးစူပြီး ချစ်စရာကောင်းအောင်လုပ်ပြနေသည့် အသဲတုံးကို ဒေါ်နွဲ့ရီပွေ့ချီကာနမ်းလိုက်၏။ အသဲတုံးကတခစ်ခစ်ရယ်ကာ...

ချိုမိုင်မိုင်Where stories live. Discover now