ချိုမိုင်မိုင် (အပိုင်း ၂၈)
စိုးမင်းပိုင်က ငြိမ်းသွယ်ကို မန္တလေးသို့ ခေါ်သွားသည့်အကြောင်း ဝေဟင့်ကို ဖုန်းလှမ်းဆက်သည့်အခါ ဝေဟင်က နောက်ကနေလိုက်ခဲ့လေသည်။ ငြိမ်းသွယ်ကို ခိုးပြေးမည့်ကိစ္စအား အသည်းအသန်တားလေသည်။ စိုးမင်းပိုင် မန္တလေးရောက်ပြီး နောက်တစ်နေ့၌ဝေဟင်ပါရောက်လာလေသည်။ သူတို့တည်းသည့် ကုသိုလ်တော်နားက အိမ်မှာဝေဟင်က ရောက်သည်နှင့်ချက်ချင်းငြိမ်းသွယ်ကို ပြန်ပို့ဖို့ပြော၏။
"စိုးကြီး...မင်းကို ငါဒီလောက်ပြောနေတဲ့ ကြားထဲကနေ ဘာလို့ဒီလိုလုပ်တာလဲ။"
"ငါသူ့ကို ယူချင်လို့"
နှစ်ယောက်သား ငြိမ်းသွယ်မသိအောင် အိမ်ပြင်ခြံရှေ့နား၌စကားများနေကြ၏။
"မင်းရူးနေလား။ မင်းကျောင်းမပြီးသေးဘူး။မင်းလည်းမင်းဝါသနာပါတဲ့ အဆိုလိုင်းကိုလျှောက်နေတာလေ။ အခုချိန်မင်းအိမ်ထောင်ပြုလို့မဖြစ်ဘူး။"
"ငါကျောင်းပြီးတဲ့အထိ မစောင့်နိုင်တော့ဘူး။ ငါမဟုတ်တဲ့ တခြားသူနောက်ကို ငြိမ်းသွယ်ပါသွားရင် ငါတစ်သက်လုံးနောင်တရနေလိမ့်မယ်"
"ငြိမ်းသွယ်ကို ဘယ်ကောင်မှမကြိုက်ဘူး။မင်းဘာသာ ဥစ္စာခြောက်နေတာ။ဟိုက အားရင်စားမယ်သောက်မယ်ကလွဲပြီး ဘာမှစိတ်မဝင်စားဘူး။သူက ငတုံး"
"ဟုတ်တယ် အဲ့ငတုံးကိုငါယူချင်တယ်။ဘာဖြစ်လဲ။ဘယ်ကောင်မှမကြိုက်တာကို ငါကြိုက်တယ်။ သူအဲ့လို ဘာမှစိတ်မဝင်စားတဲ့အဖြူထည်ဖြစ်နေတာနဲ့တင်ရပြီ။သူ့ကိုစိတ်မချတာအဲ့ဒါကြောင့်ဘဲ။ ပန်းတွေကိုမုဆိုးချောင်း ချောင်းနေတဲ့သူနဲ့တွေ့သွားမှာစိုးလို့ငါအရင်ယူလိုက်တယ်။ဘာဖြစ်လဲ"
စိုးမင်းပိုင်က ငြိမ်းသွယ်ကို ဝေဟင်က မကောင်းပြောလိုက်ခြင်းအပေါ် စိတ်ဆိုးသွား၏။ထို့ကြောင့် အကန်တွေပဲပြန်ပြောနေလေသည်။ဝေဟင်က သက်ပြင်းချကာ...
"ငါကစေတနာနဲ့ပြောတာ။ ငါတို့လိုငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျပြီး တကယ်တမ်းဘဝအတွက်ကြိုးစားမယ့်အချိန်မှာ အဲ့ဒါက အနှောက်အယှက်တစ်ခုဖြစ်နေမှာ။လွတ်လပ်ခွင့်တွေအားလုံး ဆုံးရှုံးသွားမှာ"
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘