ချိုမိုင်မိုင် (အပိုင်း ၄၂)
ဘာမှပြန်မလုပ်ဘဲ ငူငူငိုင်ငိုင်လုပ်နေသည့် လူကိုခန့်ဘုန်းဒေါသပိုထွက်ရလေသည်။ ပြဿနာတစ်ခုကိုရင်မဆိုင်ဘဲ မြုံစိစိလုပ်နေသည်လောက် ဒေါသထွက်ရသည်မရှိ။ ပြောချင်စိတ်တို့မရှိတော့၍ပြန်ဖို့လုပ်သည့်အခါ သူကနောက်ကနေလိုက်လာလေသည်။
"ပိစိ"
ခန့်ဘုန်း သူ့ကို လှည့်ပြီးဆိုက်ကြည့်လိုက်၏။
"မပြန်ပါနဲ့"
"ဘာ...."
"မပြန်ပါနဲ့...ငါတို့ အတူပြန်နေရအောင်"
"နင့်ကို ငါပြောပြီးပြီပဲ။ ငါအိမ်ထောင်သည်ဘဝကို စိတ်ကုန်သွားပြီ။ နင်လည်းအခုလိုပေပေတေတေလုပ်နေတာတွေ ရပ်ပြီး လုပ်စရာရှိတဲ့အလုပ်တွေလုပ်။ ထပ်ပြီးပေါက်ကရတွေလုပ်မနေနဲ့တော့။"
"ငါတောင်းပန်တယ် ပိစိ။ တစ်ခါလောက်ပဲဖြစ့ဖြစ်ငါ့ကိုလက်ခံပေးလို့မရဘူးလား"
"နင့်ကို လက်ခံတာ လက်မခံတာထက်။ငါအခုနေနေရတဲ့ငါ့ဘဝကိုငါကျေနပ်တယ်။ ထပ်ပြီးစိတ်ဆင်းရဲရမယ့်လမ်းကို ငါမရွေးချယ်တော့ဘူး။ဖြစ်နိုင်ရင်နင်နဲ့လည်း ဘာအကြောင်းကြောင့်နဲ့မှ ထပ်မတွေ့ချင်ဘူး"
"တကယ်...ငါဘယ်လိုကြိုးစားကြိုးစား မရတော့ဘူးလား"
"ကြိုးစားမနေနဲ့။ နင်စွန့်ပစ်ဖို့ရည်ရွယ်ထားပြီးသား မိန်းမတစ်ယောက်ကို ဘာလို့ကြိုးစားနေဦးမှာလဲ။အရင်တိုင်းပဲထားထားလိုက်"
"နင်ငါ့ကို စိတ်နာနေတုန်းပဲ"
ခန့်ဘုန်းပြန်မဖြေမိပေ။ သူ့ကိုလှည့်မကြည့်ဘဲ ထွက်လာခဲ့လိုက်၏။ အောက်ထပ်ရောက်မှအထုတ်တွေအပိုးတွေနှင့်ပြန်ထွက်ဖို့ အခက်တွေ့နေလေသည်။ဝေဟင်ကအောက်ထပ်အထိ လိုက်လာပြီးခန့်ဘုန်း၏အိတ်တွေကို ကူမပေး၏။
"ဆိုက်ကားငှားမလား"
"ငှားရမှာပေါ့..."
သူက ထွက်ငှားပေးဖို့လုပ်သည့်အခါ ခန့်ဘုန်းတားလိုက်၏။
"နေပါစေ...နင်ထွက်မငှားနဲ့။ နင့်ပုံစံနဲ့အပြင်ထွက်ရင် တစ်ယောက်ယောက်ကမြင်နေဦးမယ်"
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘