ချိုမိုင်မိုင် (အပိုင်း ၂၃)
စုရှင်းခိုင်ကို လေဟင်သဘောကျနေသည့်အကြောင်းကိုတစ်အိမ်လုံးသိပြီးသည့်နောက်၌ ဝေဟင်သည် သူ့ကိုကိုအား နေ့တိုင်းစနောက်နေလေသည်။ ခန့်ဘုန်းကလည်း စုရှင်းခိုင်ကိုနေ့တိုင်းဖုန်းဆက်လေသည်။ကျောင်းမှာနေ့တိုင်း တွေ့ရသော်လည်း ညရောက်သည်နှင့် ကိုကို့ဆီကနေဖုန်းငှားပြီးစုရှင်းခိုင်ကိုဆက်တော့သည်။
ပြီးလျှင် ကိုကို့ကိုပြုံးကြည့်ကာ....
"ကိုကိုကျေးဇူးပဲနော်....ဟိဟိ"
ခန့်ဘုန်း မျက်နှာပြောင်မှန်းသိ၍ ကိုကိုက နဖူးကိုလက်သီးဆုပ်လေးနှင့်မနာအောင် ထုလိုက်လေသည်။
"ကိုကို..."
"ဟင်"
"သမီး သူငယ်ချင်းကို ဘာလို့ကြိုက်တာလဲဟင်"
"ကြိုက်တာမဟုတ်ဘူး.... သဘောကျတာ"
"ဟင်း...အတူတူပဲမဟုတ်ဘူးလားကိုကို"
လေဟင်က ပြုံးပြီး ခေါင်းခါလိုက်၏။
"ကြိုက်တယ်ဆိုတာက အချိန်တစ်ခုကြာတဲ့အခါရိုးသွားနိုင်တယ်။ သဘောကျနှစ်သတ်တယ်ဆိုတာ မြတ်နိုးခြင်းတစ်မျိုးပဲ။ ကိုယ်သဘောကျတဲ့အရှိန်မြင့်မြင့်လာလေ တန်ဖိုးထားမှုနူန်းကလည်းမြင့်လာလေပဲ"
"ဒါဆို ကိုကိုက သဘောကျတာတအားအရှိန်မြင့်နေပြီလား"
ခန့်ဘုန်း၏အမေးကြောင့် လေဟင် အားရပါးရရယ်လိုက်မိလေသည်။
"စုရှင်းက ကိုကို့ကိုသဘောကျပါ့မလားဟင်။ကိုကိုက အသက်ကြီးတယ်လေ"
ဒီတစ်ခါတော့ လေဟင်မျက်နှာလေး အပြုံးတွေပျောက်သွား၏။စတွေ့ထဲက မျက်နှာတည်တည်လေးနှင့်ကလေးမကို သူ့မျက်လုံးထဲမြင်ယောင်မိသည်။မျက်မှန်ကိုလက်ညိုးလေးနှင့်ပင့်တင်တတ်ပြီး မျက်လုံးတွေငြိမ်လျှက် ဆံပင်ရှည်ရှည်နှင့်အိန္ဒြေကောင်းသည့်ကောင်မလေးကို သူသဘောကျမိပေမဲ့ ထိုကလေးမကသူ့ကိုသဘောကျ မကျကိုသူမပြောနိုင်ပေ။
"ဒါတော့ ကိုကိုဘယ်ပြောတတ်မလဲညီမလေးရဲ့။ ညီမလေးကအောင်သွယ်ပေးမယ်ဆို"
![](https://img.wattpad.com/cover/358163665-288-k503058.jpg)
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘