ချိုမိုင်မိုင် (အပိုင်း ၃၁)
မနက်လင်းသည့်အခါ ညကပစ္စည်းရွေ့ထားရသည့်အရှိန်နှင့် နေရာအသစ်အပြောင်းအလဲကြောင့် ကျောင်းတစ်ရက်ပျက်လိုက်ရသည်။ ဝေဟင်နှင့်ခန့်ဘုန်းနှစ်ယောက်လုံး သိမ်းရမည့်ပစ္စည်းတွေ၊နေရာချရမည့်ပစ္စည်းတွေကြည့်ပြီး သက်ပြင်းချလိုက်၏။
"နင့်ပစ္စည်းတွေကလည်း များလိုက်တာပိစိရာ"
"သိပ်မရှိပါဘူးဟာ...နင်ကလည်း"
"မရှိဘူးသာပြောတယ်။ အခန်းတစ်ခုလုံးပြည့်နေပြီ။စိုးကြီးနဲ့နေတုန်းကတောင် ဒီလောက်မများဘူး။နင်အကုန်သယ်လာတာ လူအိပ်ဖို့တောင်မရှိတော့ဘူး။"
"ရှင်းလိုက်ပြီးနေရာချလိုက်ရင်တော့ ဘာမှသိပ်မရှိပါဘူး။ငါ့ကိုနည်းနည်းကူရှင်းပေး"
"အင်း....မနက်စာအရင်စားဦးမယ်။"
ဒီတော့မှ ခန့်ဘုန်းလည်း မနက်စာစားဖို့သတိရ၏။မိုးလင်းလင်းချင်း ပစ္စည်းအပုံလိုက်ကြီးကိုကြည့်ပြီး စိတ်ညစ်နေရသည်နှင့် မနက်စာကိုမေ့နေခဲ့ရာ ဝေဟင်ပြောမှသတိရလေသည်။
"မနက်စာ ဘာရှိလဲ။"
"ဘာမှအရှိဘူး။ ခေါက်ဆွဲပဲရှိတယ်။နင်ပြုတ်ပေးပိစိ"
"အင်း...."
ခန့်ဘုန်း မီးဖိုချောင်ထဲဝင်ကြည့်တော့ ပစ္စည်းတွေက နေရာတကျသိပ်မရှိပေ။ကိုယ့်ဘာသာရှာပြီး ခေါက်ဆွဲပြုတ်လိုက်ရ၏။ ဝေဟင်ကကျက်တော့မှထစားလေသည်။ သို့သော်အစားစားရင်းဖုန်းကြည့်ဖို့လုပ်နေသည့်ဝေဟင့်ကြောင့် ခန့်ဘုန်း မျက်နှာတင်းသွားလျှင် သူကဖုန်းကိုချလိုက်၏။
"ဆူပုတ်မနေနဲ့။ စား...."
"နင်လည်း နည်းနည်းပါးပါးအလိုက်သိမှပေါ့။အစားစားတာတောင် ဖုန်းကလက်ကမချဘူး"
"အခုမကိုင်တော့ဘူးလေ"
ခန့်ဘုန်း ဘာမှမပြောဘဲ ခေါက်ဆွဲသာဆက်ပြီးစားနေလိုက်သည်။
"ညက မေးမယ်ဆိုပြီး မမေးလိုက်ရဘူး။ အမေနဲ့နင်ဘာဖြစ်တာလဲပိစိ"
ခန့်ဘုန်းက ချက်ချင်းပြန်မဖြေပေ။ ခေါက်ဆွဲကိုအရင်မြိုချပြီးမှ ခပ်တိုးတိုးဖြေ၏။
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘