ချိုမိုင်မိုင် (အပိုင်း ၁၅)
ခန့်ဘုန်းနှင့်ဝေဟင် နှစ်ယောက်လုံးဆယ်တန်းအောင်သည့်အတွက် အိမ်မှာဂုဏ်ပြုပွဲလုပ်ကြသည်။ဂုဏ်ပြုပွဲဆိုသည်မှာလည်း အိမ်၌ကြာဇံကြော်ကာရပ်ကွက်ထဲက လူတွေကိုဖိတ်ကျွေးခြင်းဖြစ်သည်။ မိုးလင်းကတည်းက စည်ကားသိုက်မြိုက်သည့်အိမ်လေးထဲမှာ ညနေစောင်းမှ လူရှင်းလေသည်။
"ကဲ...အငယ်ကောင်က စာမေးပွဲအောင်တဲ့အပြင် ဂုဏ်ထူးတစ်ခုပါပါတော့ ကိုကိုပြောထားတဲ့အတိုင်းလက်ဆောင်ပေးမယ်"
"ကိုကို ပေးမယ့်ဖုန်းအစား သားတစ်ခုပြောင်းပြီးတောင်းလို့ရလား"
ဝေဟင်အမေးကြောင့် ကိုကိုဟာ စဥ်းစားသလိုလုပ်ပြီးမှခေါင်းညိတ်လိုက်၏။
"ရတယ်ပြော အငယ်ကောင်ကဘာလိုချင်တာလဲ"
"ဖုန်းဝယ်ပေးမယ့်ပိုက်ဆံကို သားလိုချင်တယ်"
"ဟင်...ဘာဖြစ်လို့လဲ"
ဝေဟင်က ခန့်ဘုန်းကို ကြည့်လိုက်ကာ....
"သူ့ကို ကျောင်းထားပေးဖို့ ပိုက်ဆံစုနေတာ။ သားဖုန်းမလိုချင်တော့ဘူး။ပိုက်ဆံပဲလိုချင်တယ်"
သူ့အပြောကြောင့် ခန့်ဘုန်းမှာ မျက်လုံးလေးအဝိုင်းသားနှင့်ပြန်ကြည့်ပြီးပြုံးနေလေသည်။ သူ့ကိုလည်းအားကိုးတကြီးရှိနေ၏။ အဖေနှင့်ကိုကိုမှာ သူတို့နှစ်ယောက်ကိုကြည့်ပြီးပြုံးနေလေသည်။
ထို့နောက်ဝေဟင်ဖြစ်စေချင်သလို လေဟင်ဟာ သဘောတူလိုက်၏။ဝေဟင့်၏တောင်းဆိုချက်သည် ထိုမှာတင်မပြီးသေးပေ။
"အမေနဲ့အဖေလည်းသားကိုဆုချရမယ်"
"အောင်မလေး...ကျောင်းထားပေးခဲ့တာပဲ တော်ရောပေါ့"
ဒေါ်နွဲ့ရီက မျက်နှာတည်တည်နှင့်ပြောလျှင် ဝေဟင်ကနူတ်ခမ်းစူကာ သူ့အမေကိုဖက်ထားလေသည်။
"အမေပြောတဲ့အတိုင်း သားဆယ်တန်းအောင်အောင်ဖြေတယ်တယ်လေ။ အဲ့တော့ဆုချ"
"ကလေးကို စိတ်ချမ်းသာအောင်လုပ်ပေးလိုက်ပါ နွဲ့ရီရယ်"
"ကဲ...ပြော...ဘာလိုချင်တာလဲ"
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘