ချိုမိုင်မိုင် (အပိုင်း ၂၅)
အိမ်ပြန်ရောက်သည့်အခါ ခန့်ဘုန်းက အခန်းထဲကနေမထွက်ဘဲငိုသည်။ သူဘေးကနေတောင်းပန်လည်း ခန့်ဘုန်းကဘာမှပြန်မပြောပေ။ တစ်ယောက်ထဲရှိုက်ငို၏။
"ပိစိ...ငါတောင်းပန်တယ်လို့ ပြောနေတယ်လေ။တိတ်တော့။ မနက်ဖြန် ကျောင်းကိုလိုက်ခဲ့။ အကုန်လုံးနဲ့မိတ်ဆက်ပေးမယ် ဟုတ်ပြီလား"
သူပြောလည်း ခန့်ဘုန်းကတော့ တုတ်တုတ်မလှုပ်ပေ။
"ကျစ်...ပိစိ။ ငါပြောနေတယ်လေ"
သူက ပခုံးကိုဆွဲလှည့်ပေမဲ့ ခန့်ဘုန်းသူ့လက်တွေကိုပစ်ချကာ ကျောခိုင်းအိပ်လိုက်၏။
"နေဟာ...ခေါ်သွားမယ်ဆိုတော့လည်းမဟုတ်ဘူး"
ခန့်ဘုန်းကိုဆက်မချော့တော့ဘဲ သူဖုန်းကိုထုတ်သုံးနေလိုက်၏။ ခဏကြာသည့်အခါခန့်ဘုန်းစိတ်ဆိုးနေသည်ကိုလည်းမေ့ကာ ဖုန်းထဲမှာအာရုံရောက်နေ၏။ သူအိပ်ပျော်တော့ ခန့်ဘုန်းကဘယ်အချိန်ထဲအရင်အိပ်ပျော်သွားမှန်းမသိပေ။
မနက်ကျောင်းသွားတော့ ခန့်ဘုန်းက ဘာမှမပြင်ဆင်ရသေးပေ။သူကအကုန်လုံးပြင်ဆင်ပြီးနေပြီဖြစ်၏။
"ပိစိ...ကျောင်းသွားဖို့ မပြင်သေးဘူးလား"
ခန့်ဘုန်း သူ့ကိုစကားပြန်မဖြေပေ။မီးဖိုချောင်ထဲဝင်သွား၏။
"ပိစိ...ကျောင်းသွားမယ်"
သူမီးဖိုချောင်ထဲထိ လိုက်ပြောသည့်အခါ ခန့်ဘုန်းကခေါင်းခါလိုက်၏။
"နင့်ဘာသာသွား"
"နင် ဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ဘူး...နင့်ဘာသာသွား"
"ဘာလဲ.... စိတ်ကောက်တာ မပြီးသေးဘူးလား။"
"ငါနင့်ကို စိတ်မကောက်ဘူး။ အဲ့ဒါကြောင့် နင့်ဘာသာသွားစရာရှိတာသွား။နောက်နေ့ကြရင်လည်း နင်ငါ့ကိုကျောင်းလိုက်မပို့နဲ့တော့။ ငါ့ဘာသာစုရှင်းတို့နဲ့ သွားမယ်။ လာလည်းမကြိုနဲ့။ "
"ဘာလဲ...မနေ့က ပြောလိုက်တာကို မကျေနပ်တာလား"
"မကျေနပ်တာ မဟုတ်ဘူး။ နင်လွတ်လွတ်လပ်
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘