ချိုမိုင်မိုင် (အပိုင်း ၁၀)
ခန့်ဘုန်း ထမင်းအိုးထိုင်ကြည့်ရင်း ထမင်းအိုးဝေလာသည့်အခါ အမေ့ကိုလှမ်းခေါ်ရလေသည်။ထမင်းအိုးတော့ခန့်ဘုန်းမငှဲ့တတ်ပေ။ အမေကထမင်းအိုးကိုလာငှဲ့ပြီးသူ့ဘာသာနှပ်သည်။ ဟင်းချက်တာကိုတော့ဘေးမှာ ထိုင်ပြီး လက်ညိုးထိုး၍ခိုင်းလေသည်။အားလုံးချက်ပြုတ်ပြီးသည့်အခါ အမေကရေအရင်သွားချိုးပြီး နောက်မှခန့်ဘုန်းချိုးရသည်။ဒီနေ့တော့ ခန့်ဘုန်းဂေါင်ဝန်လေးပြန်ဝတ်ထားရ၍ပေါ့ပေါ့ပါးပါးရှိနေ၏။
ထမင်းစားသောက်သည့်အခါ ထမင်းဝိုင်းကိုခန့်ဘုန်းပြင်ပေးရသည်။အမေကထမခူးတော့ပေ။နေ့လယ်၌အိမ်မှာသုံးယောက်ပဲ ရှိသည်မို့ ခန့်ဘုန့်းပဲအကုန်လုပ်ပေးရ၏။ စားသောက်ပြီးသည့်အခါပန်းကန်တွေဆေးပြီး အလုပ်မရှိတော့ပေမဲ့အမေက ဘုရားစင်ရှေ့၌အိပ်ပြီး ခန့်ဘုန်းကိုဆံပင်ဖြူနုတ်ခိုင်းလေသည်။
ခန့်ဘုန်းမှာ ဆံပင်ဖြူတွေနုတ်ပြီး လက်မောင်းပေါ်၌ဆံပင်ဖြူလေးတွေတန်းစီပြီးတင်ထား၏။ ဝေဟင်ကခန့်ဘုန်းကိုတစ်ချက်သာကြည့်ပြီး အခန်းထဲကနေမထွက်တော့ပေ။ အမေမနိုးမချင်းခန့်ဘုန်းမှာအမေ့ဆံပင်တွေကို ဖြီးပေးလိုက်ဆံပင်ဖြူတွေနုတ်ပေးလိုက်ဖြင့် လုပ်ပေးနေမိသည်။ညနေစောင်းမှအမေနိုးလာသည့်အခါ ခန့်ဘုန်းကိုကြည့်ကာ....
"ဘယ်နှစ်ပင်ရလဲ..."
"အများကြီးပဲ...ဒီမှာအမေ"
ခန့်ဘုန်းက လက်မောင်းပေါ်တင်ပေးထားသည့် ဆံပင်ဖြူတွေကိုပြသည့်အခါအမေက သဘောကျနေသည်။ ခန့်ဘုန်းဖြီးပေးထားသည့်ခေါင်းကိုလက်နှင့်သပ်ပြီး စိတ်ကျေနပ်နေ၏။
"ရော့...မုန့်သွားဝယ်စား"
အမေက သူ့လွယ်အိတ်ထဲကနေ ပိုက်ဆံနှစ်ရာထုတ်ပေးလေသည်။ ထူးထူးဆန်းဆန်းမို့ခန့်ဘုန်းကြောင်နေပေမဲ့ ပေးသည့်မုန့်ဖိုးကိုအမြန်သိမ်းထားလိုက်သည်။ တစ်နေ့ထဲ ခြောက်ရာလောက်ရသွားသည်မို့ ခန့်ဘုန်းပျော်သွားလေသည်။
ညနေလူစုံသည့်အခါ အဖေကအပြင်ကနေ ပလာတာဝယ်လာသည်။တစ်အိမ်လုံးတစ်ယောက်တစ်ခုစားရပေမဲ့ အဖေကခန့်ဘုန်းကိုတော့နှစ်ခုပေးလေသည်။ ဘယ်သူမှမသိစေနဲ့ဟုဆိုတာမျက်လုံးမှိတ်ပြသည်။ ခန့်ဘုန်းလည်းသဘောကျစွာရယ်ပြီး ခေါင်းလေးညိတ်သည်။တိတ်တိတ်ကလေးစား၏။
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘