part 19

11.9K 263 1
                                    

ချိုမိုင်မိုင် (အပိုင်း ၁၉)

ညက အတင်းကျစ်ကျစ်ပါအောင် ဖက်ထားပြီးအိပ်နေသည့်ဝေဟင်က မနက်ထိတိုင်အောင်မလွန်ပေးချင်ပေ။ 

"ဝေဟင်...ဖယ်တော့...ငါအပြင်သွားမလို့"

"မသွားနဲ့ အိပ်နေ"

ကျောင်းပိတ်ရက် တစ်ရက်က ဘာမှန်းမသိကုန်ဆုံးသွားသလို နောက်တစ်ရက်ကလည်းအခန်းပြင်မထွက်ရဘဲ ကုန်တော့မည်။နေမြင့်သည်ထိ အပြင်မထွက်ခိုင်းသည့်ဝေဟင့်ကို အတင်းထုရိုက်လိုက်၏။ 

"ဖယ်ပါဆို...ဝေဟင်ရာ...ငါဗိုက်ဆာနေပြီဟ"

"တကယ်လား... "

"မနက်စာစားချိန်တောင် ကျော်နေပြီလေဟာ"

"အဲ့ဒါဆို ခဏစောင့်"

သူပါတစ်ခါထဲ လိုက်ထွက်သည်။ အိမ်ထဲမှာသူတို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှရှိမနေပေ။ပိတ်ရက်မို့ ကိုကိုနှင့်အဖေကလက်ဖက်ရည်ဆိုင်အတူသွားသည်။ 

ခန့်ဘုန်းနှင့်သူနှစ်ယောက်အတူမျက်နှာသစ်ပြီး အပြင်ထွက်လာသည့်အခါ ခန့်ဘုန်းကလက်ဖက်ရည်ဆိုင်ဘက်ကို ဦးတည်နေလေသည်။ သူချက်ချင်းဆိုသလိုခန့်ဘုန်း၏လက်ကိုဆွဲထားလိုက်၏။

"ဘယ်လဲပိစိ...အသုတ်ဝယ်ပြီးပြန်မယ်"

"လက်ဖက်ရည်ဆိုင်သွားမယ်လေ"

"မသွားနဲ့တော့ အသုပ်နဲ့ထမင်းပဲစားရအောင်"

"အဖေ့ဆီလိုက်သွားမလို့"

"ပိစိ...နင်ဘယ်လိုဖြစ်နေတာလဲ။ ငါက မသွားဘူးဆို၊မသွားနဲ့ပေါ့"

"နင်ကရော ဘာဖြစ်နေတာလဲ။အရင်ကလည်း ပိတ်ရက်တွေဆိုကိုကိုနဲ့အဖေ့နောက်ကို ငါလိုက်နေကြပဲလေ။"

"အခုက စပြီးမလိုက်နဲ့တော့"

"ဝေဟင်...နင်ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ဘူး...နင်က ငါယူထားတဲ့မိန်းမနော် ပိစိ။ငါ့စကားနားထောင်"

"နားမထောင်ဘူးဟာ...."

ခန့်ဘုန်းကလည်း အရွဲ့တိုက်က လက်ဖက်ရည်ဆိုင်ဘက်ကိုထွက်သွားလေသည်။ သူဒေါသထွက်ကာ ခန့်ဘုန်း၏လက်ကိုချက်ချင်းပြန်ဆောင့်စွဲကာ အိမ်ကိုခေါ်သွားလေသည်။ 

ချိုမိုင်မိုင်Where stories live. Discover now